Episode 19

24.4K 1K 46
                                    

ZG

ဒီအိမ်​​တော်​ကြီးမှာ ​ဂျောင်းဝူ ထင်​ဒိုင်းကြဲ​နေသည်

စားချင်​သည်​များကို စားဖို​ဆောင်​ကလူ​တွေကိုချက်​ခိုင်းသည်

လိုချင်​တာရှိရင်​ သခင်​ကြီးကို ကပ်​ချွဲလိုက်​သည်

ပေးဆပ်​ရတာ​တွေလည်းရှိ​ပေမဲ့လည်း​ပေါ့

ဈေးထဲသွားပြီး ဝယ်​ချင်​သည်​များကို​လျှောက်​ဝယ်​သည်

သူတစ်​ခါအလုပ်​လုပ်​ဖူးသည့်​ စွပ်​ပြုတ်​ဆိုင်​သို့ သွားဖြစ်​သည်

"အ​ဒေါ်ကြီး အမဲသားစွပ်​ပြုတ်​​ပေးပါ "

"မင်းလည်း စားချင်​ရင်​စား​နော်​ "

"အကို​လေး ကျွန်​​တော်​စားလို့ဖြစ်​ပါ့မလား "

"ငါ ပြန်​တိုင်​မ​ပြောပါဘူး စားမှာသာစားစမ်းပါ "

သခင်​ကြီးက ခိုင်းချင်​တာခိုင်းဖို့ဆိုပြီး သူ့အရွယ်​​လောက်​ရှိသည့်​ အခိုင်းအ​စေ​ကောင်​​လေးကို သူ့အား ​ပေးထားသည်

သူ့ဘက်​ပါ​အောင်​လုပ်​ရမည်​ မဟုတ်​လျှင်​ သူက ​ဂျောင်းဝူလုပ်​သမျှ ဟိုလက်​​ထောက်​ကို ပြန်​​ပြောနိုင်​သည်

ကောင်​​လေးက​တော့ အ​ပျော်​​တွေလွန်​ပြီး သူစားချင်​သည့်​စွပ်​ပြုတ်​ကိုမှာ​နေ​လေသည်

"အ​ဒေါ် ဝက်​သားစွပ်​ပြုတ်​ တစ်​ပွဲ​ပေးပါ "

"အကို​လေး ​ကျေးဇူးတင်​ပါတယ်​ "

"ရပါတယ်​ကွာ "

"ငါ့​ကျေးဇူးကိုမ​မေ့ရင်​ ရပါပြီ "

"ဒါနဲ့ မင်းနာမည်​က "

"ကျွန်​​တော့နာမည်​ မန်းဆူ ပါ "

"မင်းတို့ မှာထားတာ​တွေ ရပါပြီ "

အ​ငွေ့တ​ထောင်း​ထောင်း အနံ့သင်းပျံ့ပျံ့နဲ့ မို့ ဗိုက်​များဆာလာသည်

"ခဏ​လေး အ​ဒေါ်ကြီး "

"ဘာလိုချင်​လို့လဲ "

"ကျွန်​​တော့်​ကိုမမှတ်​မိဘူးလား "

"အမ်​ မင်းက ဘယ်​သူမို့လဲ မှန်း ငါ​သေချာကြည့်​အုန်းမယ်​ "

Poisonous Love (Warning 💥)Where stories live. Discover now