Episode 16

23.8K 1K 10
                                    

ZG

လီရှင်း ကြာလာ​တော့ သိလာသည်

သူ ​ဂျောင်းဝူကို အရမ်းလွမ်းသည်

အရမ်းသတိရသည်​ အခုချက်​ချင်း ​တွေ့ချင်​သည်

တိတ်​တဆိတ်​ ​ဂျောင်းဝူကို လိုက်​ရှာတတ်​သည်

လူငှါးပီး​တော့​ရော သူကိုယ်​တိုင်​​ရော....

ဒါ​ပေမဲ့ လုံးဝမ​တွေ့.....

မြို့​တော်​ထဲမှာ စုံစမ်းပြီး၍ မြို့ငယ်​​လေး​တွေမှာ ရှာဖို့ လူလွှတ်​လိုက်​သည်

ဖခင်​ရဲ့ အရိပ်​အကဲလည်ကြည့်​ရ​သေးသည်

ဒီကြားထဲ မိခင်​က ​ကောင်​မ​လေးအချို့နှင့်​ မိတ်​ဆက်​​ပေးသည်

သူအရင်​လို ​ကောင်​မ​လေး​တွေကိုစိတ်​မဝင်​စား​တော့

သူ ​ဂျောင်းဝူကိုသာ စိတ်​ဝင်​စားသည်

ဘယ်​အမတ်​ရဲ့သမီး ဘယ်​ကုန်​သည်​ရဲ့သမီး ဘယ်​သူ​ဌေးရဲ့သမီး စသည်​ စသည်​ဖြင့်​ အမျိုးစုံ​အောင်​ မိတ်​ဆက်​ပြသည်

ငြင်းလို့ကမဖြစ်​သည့်​အတွက်​ ဟန်​ပြ​နေရသည်

*****************************

"သခင်​​လေး "

ဂျောင်းဝူကိုရှာဖို့ လွှတ်​လိုက်​သည့်​လူ​တွေ ပြန်​​ရောက်​လာပြီဖြစ်​သည့်​အတွက်​ လီရှင်း အမြန်​​မေးလိုက်​သည်

"​ဂျောင်းဝူ​ရော ရှာ​တွေ့ပြီလား ဘယ်​​နေရာလဲ ဘယ်​မှာလဲ ငါ့ကိုမြန်​မြန်​​ပြော "

"ကျွန်​​တော်​တို့ရှာမ​တွေ့ပါဘူး "

"ဘာ!!!"

"မင်းတို့​တွေ အသုံးကိုမကျဘူး "

"ဘာလဲ ​ငွေမ​လောက်​လို့လား "

"​ရော့ ယူသွား "

"ထပ်​ရှာလာခဲ့ "

ငွေဒင်္ဂါး​တွေထည့်​ထား​သောအထုပ်​ကို ပြစ်​​ပေးလိုက်​​တော့ ထိုလူ​တွေက ပိုက်​ဆံထုပ်​ကိုယူကာ

"ကျွန်​​တော်​တို့လည်းရှာတာပဲ "

"ဒါ​ပေမဲ့ ထပ်​ရှာ​ပေးမယ်​ ဒီတခါမ​တွေ့ရင်​​တော့ အဲဒါ တဖက်​နိုင်​ငံကို​ရောင်းစားခံလိုက်​ရတာပဲဖြစ်​မယ်​ "

Poisonous Love (Warning 💥)Where stories live. Discover now