Episode 9

29.4K 1.1K 42
                                    

ZG

ဟစိ ဟစိနဲ့ အသက်​ရှူ​နေသည့်​ ဂင်​​ဂျောင်းဝူကို လီရှင်း ကြည့်​​နေမိသည်

နှုတ်​ခမ်း​လေးက နီရဲကာ ချမ်းလို့လားမသိ တဆက်​ဆက်​တုန်​​နေသည်

ထိုနှုတ်​ခမ်းကို အရသာမြည်းကြည့်​ချင်​သည့်​စိတ်​များက ရုတ်​ချည်း ​ပေါ်ထွက်​လာ၏

နဂိုအသားဖြူသည့်​သူမို့ ပါးတွင်​​ရော နှာ​ခေါင်းထိပ်​​ရော နီရဲ​နေသည်

သူ့ပုံစံ​လေးက တမျိုး​လေး ချစ်​ဖို့​ကောင်း​နေသည်

'လီရှင်း မင်း ရူးများ​နေသလား '

"အဟင်း..."

ကိုယ့်​ကိုယ်​ကို အရှက်​​ပြေ ​ချောင်းဟန့်​လိုက်​သည်

"အဟွတ်​ အဟွတ်​ "

ချောင်း​တွေဆိုး​နေ​သောသူကို လီရှင်း ကြည့်​ပီး စိတ်​ထဲ သနားသလိုလိုရှိလာသည်

'လီရှင်း မင်းကဘာကိုသနား​နေတာလဲ မင်းက သခင်​​လေး​လေ ဘာမှ သူ့ကို သနားစရာမလိုဘူး '

ဂျောင်းဝူကို သူ့ဘက်​ ဆွဲလိုက်​ပီး လည်​တိုင်​ကို သူ သွားနဲ့ ကိုက်​ချလိုက်​သည်

"အား........"

စူးခနဲဖြစ်​ကာ နာကျင်​လာသည်​မို့ ​ဂျောင်းဝူ ​အော်​မိသည်

လက်​တစ်​ဖက်​က ​ရေချိုးကန်​​ဘောင်​ကို ကုပ်​တွယ်​ကိုင်​ထားသည်

ကျန်​လက်​တစ်​ဖက်​က သခင်​​လေးရှင်းကို မရှိမဲ့ရှိမဲ့ အားဖြင့်​ တွန်း​နေသည်

နာလွန်း၍ မျက်​ရည်​များ စီးကျလာသည်

တုန်​ရင်​​နေ​သောနှုတ်​ခမ်းများက ပို၍ တုန်​ရင်​လာသည်

"အာ့ "

ကိုက်​ထားသည့်​​နေရာကို လျှာဖြင့်​ပြန်​လျက်​​တော့ စပ်​သွား၍ ခန္ဓာကိုယ်​က တစ်​ချက်​တွန့်​သွားသည်

ဒီ​ကောင့်​ကိုယ်​​ပေါ်မှာ လီရှင်း အမှတ်​​တွေထားရတာ ကြိုက်​သည်

သူ့နှုတ်​ခမ်းနှင့်​ ဒီ​ကောင့်​လည်​တိုင်​ကို စုတ်​ထားသည့်​အမှတ်​များ

Poisonous Love (Warning 💥)Where stories live. Discover now