Episode 14

24.1K 1.1K 50
                                    

ZG

သခင်​ကြီးခိုင်းလို့ မြို့နဲ့နီးတဲ့ရွာ​လေးက​​နေ ပစ္စည်းသွားယူပြီး ပြန်​လာ​တော့ ​နေ​တောင်​ဝင်​​နေပြီဖြစ်​​သည်

ထမင်း​တောင်​မစားရ​သေးလို့ လူက အနည်းငယ်​ ပင်​ပန်း​နေသည်

အိမ်​သို့ပြန်​​ရောက်​တာနဲ့ ဦး​လေးဆွန်းကိုရှာကာ သခင်​ကြီးယူခိုင်းတဲ့ ပစ္စည်းကိုအပ်​ကာ အ​စေခံတန်းလျားကို ပြန်​လာခဲ့သည်

တ​နေကုန်​ လမ်း​လျှောက်​သွား​နေရ၍ ​ညောင်းချိ​နေပြီဖြစ်​သည်

ခဏလှဲလိုက်​တာနဲ့ လူကပင်​ပန်းပြီး အိပ်​​ပျော်​သွားသည်

သူ့ကိုအတင်းဆွဲ​ခေါ်​နေ​သော​ကြောင့်​ လန့်​ဖြန့်​ပီး နိုးလာခဲ့သည်

"ဘာ ဘာဖြစ်​လို့လဲ "

သူ့ကို လူနှစ်​​ယောက်​က လက်​က​နေကိုင်​ကာ တရွတ်​တိုက်​ဆွဲ​ခေါ်လာသည်

ဂျောင်းဝူ ဘာမှ နားမလည်​နိုင်​​အောင်​ဖြစ်​​နေသည်

သူ့ကိုဆွဲ​ခေါ်လာသည့်​​နေရာက အိမ်​​ရှေ့ ကွင်းပြင်

လူ​တွေကလည်း ​ဘေးမှာ အပြည့်

အ​ပေါ်စီးက​နေ လက်​​နောက်​ပစ်​ပီးကြည့်​​နေသူမှာ သခင်​ကြီးလီ နှင့်​ သခင်​မကြီးတို့ပင်​ဖြစ်​သည်

ဘေးနားကအခိုင်းအ​စေများကလည်း တိုးတိုး တိုးတိုးနှင့်​ ​ပြော​နေကြသည်

ဂျောင်းဝူ ဘာအမှားလုပ်​မိမှန်း သူမသိ​တော့

သူယူလာ​သောပစ္စည်းများ မှားယွင်း​နေလို့များလား

"မင်း ငါ့သားကို မြူဆွယ်​​နေတယ်​ဆို "

"ဗျာ "

ခေါင်းကို ပြုတ်​ထွက်​မတတ်​ ခါးရမ်းကာ

"မဟုတ်​ပါဘူး ​ဂျောင်းဝူ အဲ့လိုမလုပ်​ပါဘူး "

"ငါ့ကို မျက်​မြင်​သက်​​သေက ကိုယ်​တိုင်​လာ​ပြောပြီးပြီ "

"ဒါကို မင်းက ငြင်းချင်​​သေးတာလား "

"ဟင့်​အင်း မဟုတ်​ရပါဘူး ​ဂျောင်းဝူ သခင်​​လေးရှင်းကို မမြူဆွယ်​ရပါဘူး "

Poisonous Love (Warning 💥)Where stories live. Discover now