Episode.4

12.8K 1.4K 62
                                    

Zawgyi

"Tae ဘာလို့ရုပ်ကြီးကဆူပုတ်နေရတာတုန်း
ကျောင်းမှာအဆင်မပြေခဲ့လို့လား?"

"ပါး သူတို့ကTaetaeကိုစပွန်ဆာ
ယူထားတာတဲ့"

"ဘယ်လို?"

"ဟုတ်တယ် ပါးရဲ့...သူတို့ကTaetaeကိုပါး
ဆီကနေစပွန်ဆာယူထားတာလို့ပြောတယ်"

"တောက်!! ဘယ်ကောင်တွေလဲTae!!"

"ပ..ပါး...ဘာလို့စိတ်ဆိုးတာလဲဟင်"

"Taeသူတို့ကိုဘာပြန်ပြောလိုက်လဲ?"

"ဘာမှပြောဘူးလေ Taetaeမှစပွန်ဆာက
ဘာမှန်းမသိတာ"

ထွက်နေသော ဒေါသတို့သသည်
ထိုကလေးလေး၏ ပြူးကြောင်ကြောင်ပုံစံ
လေးကြောင့် ဘယ်ချောင်ရောက်သွားပြီမှန်း
တောင် မသိနိုင်တော့ပါ။

"အင်းပါကလေးရယ်...ဒါနဲ့ဒီနေ့ကျောင်းမှာရော
သူငယ်ချင်းတွေတွေ့လား ကလေး?"

"အင်း တွေ့တယ်ပါးရဲ့ ဒါပေမဲ့Taetaeကို
ဆရာမကဆူတယ်"

"ဟင် ဘာလို့လဲကလေး?"

"သူက11နာရီခွဲတဲ့ထိစာသင်နေတယ်လေ
အဲ့တော့Taetaeကဗိုက်ဆာတာပေါ့..
အဲ့ဒါနဲ့ ပါးထည့်ပေးတဲ့ ထမင်းဗူးကို
တိတ်တိတ်လေးဖွင့်စားရော။
ဒါပေမဲ့TaetaeဘေးကJiminie
ကလဲစားချင်လို့မျှော်နေတယ်...အဲ့ဒါနဲ့Taetae
ကလဲကျွေးလိုက်ရော..Taetaeကခွံကျွေးတုန်း
ဇွန်းကလွတ်ကျတော့ ဆရာမကသိပြီး
Taetaeတို့ကိုဆူရော...ဟွန့် ဗိုက်ချင်းကိုယ်
ချင်းမစာတဲ့ဆရာမကြီး"

သူ့မျက်နှာဝိုင်းဝိုင်းလေးကို မရှုံရှုံအောင်မဲ့ပြပြီး
နှုတ်ခမ်းလေးထော်နေသော အကောင်ပေါက်
ကလေးမှာ အူယားဖွယ်ရာအတိ။ ထိုင်ခုံခါးပတ်
မပတ်ပေးမိဘဲ ပေါင်ပေါ်ဆွဲပွေ့တော့လဲ
အံ့သြပုံတောင်မပေါ်ပါ။ သူစားလက်စလက်ထဲ
ကမုန့်ထုတ်ထက် ဘာမှဂရုမစိုက်နိုင်ဖြစ်နေ
သော မြေခွေးပေါက်လေး၏ပါးအိအိလေးကို
ရွှတ်ခနဲနမ်းတော့ သူ့ကိုပြုံးတုံးတုံးကြည့်လာ
လေသည် ။

"ပါးဒီမုန့်ကစားကောင်းတယ် ပါးရောစားဦး
မလား "

"မစားတော့ပါဘူး ပေါက်စလေးရယ်
ကိုယ်က ကလေးကိုအသဲယားလွန်းလို့ပါ"

PURPLE || KV || ✔Where stories live. Discover now