Episode.17

9.3K 955 30
                                    

Written in BOTH Zawgyi & Unicode

Unicode

ထယ်ထယ်တစ်ယောက် အခုတလော
အတော်လေးပျင်းနေသည် ။ အကြောင်းက
တော့ ကျောင်းကပြန်မဖွင့်သေးသည့်အပြင်
မရှိမဲ့ရှိမဲ့ရထားသော Secretary အလုပ်ကလေး
ပါပြုတ်သွားခြင်းကြောင့်ပင် ။

အလုပ်ပြုတ်ပေမဲ့လို့ သူ့လိုက်ချင်တယ်
ဆိုပြီး ဂျီတိုက်တိုင်းပါပါးကသူ့ကိုခေါ်ရှာသည် ။
သို့သော် သူမနေချင်၊ ပါးကလဲသူ့အလုပ်
သူ့လုပ်၊ သူ့ကလဲသူ့အလုပ်ကူရှုပ် ။
အဲ့တော့သူအိမ်မှာနေတာပဲပါးအတွက်
အထောက်အကူဖြစ်ပုံရသည် ။

" ထယ် ကိုယ်နေ့လည်စာအတွက်လဲအကုန်
ပြင်ပေးပြီးပြီ ။ ထောပတ်ပေါက်ပေါက်ဆုပ်က
စားခါနီးကျရင် Microwave လေးနဲ့အပူပေး
ပြီးမှစားနော် "

ကုတင်ပေါ်တွင် တီဗီရီမုတ်တစ်လုံးနှင့်
ဖင်ဘူးတောင်း‌ထောင်နေသောသူ့အား
ပါပါးကနားရွက်လေးတွေကိုလာထိရင်း
စတာမို့ သူသဘောကျစွာရယ်မိသည် ။
ပါးအလုပ်မသွားအောင်သူဒီတစ်နေ့ဖြစ်ဖြစ်
ကပ်ချွဲပစ်လိုက်ရင်ကောင်းမလား?

" အော် နောက်ပြီးတီဗီပဲကြည့်မနေနဲ့ဦးနော် ။
နေ့လည်ကျရင်ရေမိုးချိုးဦး ကြားလား "

" ပါးးး~ "

ဂျောင်ကုသဘောပေါက်လိုက်ပြီ ။
ဒီကလေးဘာလိုချင်လို့သူကိုကပ်ချွဲဦးမလဲ
မသိ ။ သူ့ပေါင်ပေါ်အကျအနထိုင်ပြီး
သူ့ရင်ဘတ်လေးကိုနှစ်ချက်ပုတ်လိုက်၊
ကိုယ့်ရင်ဘတ်ကိုနှစ်ချက်လာပုတ်လိုက်နှင့်
ဘာပြောချင်တာလဲတော့ ဂျောင်ကုမသိ ။

" ဟောဒီ့ကထယ်ထယ်နဲ့ ဟောဒီ့ကပါပါးနဲ့
ဒီနေ့အိမ်မှာပဲနားကြမယ်လေ နော့် မကောင်း
ဘူးလား "

လက်စသတ်တော့သူ့ကိုအလုပ်မသွားစေချင်
တာမို့အဆိုးအဆာလေးကချွဲရှာသည်ကိုးး ။

" မရဘူး ကလေးလေးရဲ့ ။ ကိုယ်ခုတလော
ပေကျင်းကရုံးခွဲကိစ္စတွေနဲ့အလုပ်တွေပိုရှုပ်
နေတာ ။ နောက်မှကလေးနဲ့နေပေးမယ်လေ "

PURPLE || KV || ✔Where stories live. Discover now