Episode.19

11.1K 987 69
                                    

Written in BOTH Zawgyi & Unicode

Unicode

မျက်လုံးပေါ်အုပ်ပေးထားသော ပိတ်စပန်းရောင်
လေးက သူ့အားနေရခက်စေသည်ထင်ပါရဲ့ ။
နှာခေါင်းလေးတရှုံ့ရှုံ့လုပ်နေတာကြောင့်
ထိုးထိုးထောင်ထောင်ဖြစ်နေသော ဆံပင်စုပ်ဖွား
လေးအား အသာသပ်ပေးကာပိတ်ကြိုးစလေး
အားအသာဖြေပေးလိုက်သည် ။

" ဟင်... ဒါ ဒါတွေက... "

" လွန်ခဲ့တဲ့နှစ်နှစ်ကကိုယ့်ဆီ ဗူးသေးသေးလေးနဲ့ရောက်လာတဲ့ ကောင်လေးတစ်ယောက်ရဲ့
လှုပ်ရှားမှုပုံရိပ်လေးတွေကို မြတ်နိုးလွန်းလို့
ကိုယ်ကိုယ်တိုင်သိမ်းထားဖြစ်ခဲ့တာလေးတွေ "

ဒါတွေဟာ သူ့ကိုမဝင်ကြည့်ရန်အတန်တန်ပြောထားသော ပါပါးစာကြည့်ခန်းထဲကဓာတ်ပုံအရွယ်အစားမျိုးစုံတို့ပင် ။ သူပါပါးဆီစရောက်ကာစကပုံကလေးတွေ ၊ သူနှင့်ပါပါးGymတူတူသွားတုန်းကပုံကလေးတွေ ၊ ပန်းချီသင်တန်းမှာဆုယူတုန်းကသူ့ကိုကုန်းပိုးထားသော ပုံကလေးတွေ ၊ ယုတ်စွအဆုံးသူမသိအောင် ခိုးရိုက်
ထားသော အိပ်ချင်မူးတူးညစ်ပေတူးပုံတွေနှင့်ပလုပ်ပလောင်းစားသောက်နေသောပုံများပင်ရှိလေသည် ။

သူ့ဘဝတွင်တခါမှအခုလိုလေးနက်မှု၊အရေးပေးမှု၊အချစ်ခံရမှုတွေနဲ့ မပြည့်စုံခဲ့ ၊ ပါပါးကိုသူတအားချစ်သလိုကျေးဇူးလဲတင်မိသည် ။

" ဒီမှာကြည့်စမ်း ဒါထယ်လူပုံစံပြောင်းကာစ
တုန်းက ဖင်တုံးလုံးလေးနဲ့ပုံလေးလေ မှတ်မိလား? "

" အွန်း အဲ့တုန်းက ပါပါးအင်္ကျီအကြီးကြီးကို
ယူဝတ်လို့ ထယ်ထယ့်ကိုဆူတယ်လေ "

ဓာတ်ပုံဘောင်နှင့် သေချာအမှတ်တရသိမ်းထား
သော ထိုဖင်တုံးလုံးပေါက်စပုံလေးကို ထယ်က
သူ့လက်ကလေးတွေနှင့် လိုက်ကာပစ်နေသည်။
အဲ့တုန်းကဘာမှမသိလို့မရှက်ခဲ့ပေမဲ့ အခုအရွယ်
မှာတော့ ရှက်ရကောင်းမှန်းသိတတ်နေလေပြီ။

" ကလေး "

" ဗျာ ပါပါး "

PURPLE || KV || ✔Where stories live. Discover now