° Final °

14K 1K 69
                                    

Zawgyi

ချူသံလူလူလေးအခန်းထဲလွင့်လာသည်နှင့်တပြိုင်
နက် ‌‌မွှေလက်စကြက်ဥနွားနို့အရောခွက်ကလေးကို
စားပွဲပေါ်အသာချရင်းမှန်ဘောင်လေးကဆီနေ
မသိမသာနှင့်ခိုးကြည့်မိလိုက်သည် ။ မျှော်နေခဲ့သောလူဖြစ်တာမို့နားရွက်ကလေးတွေကထောင်ထောင်
ထောင်ထောင်နှင့်စိတ်လှုပ်ရှားနေမိသော်လည်း
ကိုယ့်စိတ်ကိုယ်ပြန်ထိန်းလိုက်ရ၏ ။

" အစ်ကိုဆော့ဂျင် ထယ်လေးရော "

" အနောက်မှာခုနက‌လေးတင်ပူတင်းလုပ်နေတာ
်ထင်တယ်၊လာ‌ခေါ်တာလား ဂျောင်ကု "

" ဟုတ်တယ်အစ်ကိုဆော့ဂျင် ၊ နှစ်ရက်တောင်
ရှိပြီဆိုတော့ အဲ့တာ... "

" ထင်တယ် ထင်တယ်၊ ခုနကပူတင်းလုပ်‌နေတုန်း
သွားကြည့်သေးတယ်။ ပါးစပ်ကပွစိပွစိနဲ့တစ်ယောက်တည်းဘာတွေမကျေမနပ်နေလဲမသိပါဘူးကွာ
ဟဟား "

သူနဲ့အဲ့ကလေးရန်ဖြန်တာအတိအကျပြောရရင်
နှစ်ရက်ရှိပြီ။သူနဲ့ဒီက‌လေးက‌တောက်ကဆခဏ
ခဏဖြစ်နေကျမို့ဆန်းတော့သည်မဟုတ် ။ဘာလို့
ရန်ဖြစ်သလဲလို့မေးရင်ခင်ဗျားတို့ရယ်ချင်ကြဦး
မယ်ရယ် ။

" ဂျွန် ထယ် ထယ်!!! "

" ဗျာ ဗျ "

" ဗျာဗျမနေနဲ့ ၊ ဒါမင်းလက်ချက်မလား ဟမ်? "

ရွှေငါးလေးသုံးကောင်ထည့်ထားသောဖန်အိုး
လေးမှာ နှစ်ကောင်သာရှိတော့တာမို့ဂျောင်ကု
ဘယ်သူ့လက်ချက်မှန်းတန်းသိသည် ။ နှစ်ယောက်
တည်းနေတဲ့အိမ်မှာခြေထောက်မပါတဲ့ကို‌ရွှေငါး
ဟာဘယ်လိုမှ ထွက်ပြေးစရာအကြောင်းမရှိ။

" ထယ်ထယ်မသိဘူး ထယ်ထယ်ဘာမှမလုပ်ဘူး "

" ထယ် မလိမ်နဲ့စမ်း ကိုယ်လိမ်တာမကြိုက်ဘူးနော်! "

" ဟင့် ကိုကိုကထယ့်ကိုဆိုအမြဲအဲ့လိုပဲ ။ မယူခင်
တုန်းကကျချစ်မှာပါ၊ချစ်မှာပါဆိုပြီး အခုယူပြီးတော့
ထယ်ဘာလုပ်လုပ်ဆူဖို့ပဲသိတော့တယ် "

" ကိုယ်မင်းကိုဘယ်နှစ်ခေါက်ဆူဖူးလို့များလဲ
ထယ်ရာ ၊ ဒီရွှေငါးလေးတွေကထယ်ပဲလိုချင်
တယ်ဆိုလို့ကိုယ်ဝယ်ပေးထားတာလေ၊ ဘာလို့
စားပစ်လိုက်တာတုန်း "

You've reached the end of published parts.

⏰ Last updated: May 14, 2020 ⏰

Add this story to your Library to get notified about new parts!

PURPLE || KV || ✔Where stories live. Discover now