Episode.18

9.2K 979 67
                                    

Written in BOTH Zawgyi & Unicode

Unicode

" ပါပါးး! ပါပါးးး~ ထဦးလို့!!! "

ရှားရှားပါးပါးဘာအလုပ်မှမရှိတဲ့ တနင်္ဂနွေနေ့
မနက်ခင်းလေးအား သူ့ဘေးတွင်တဂျီဂျီလာနှိုး
နေသော ထိုကလေးနှင့်အစချီရပြန်သည် ။

တကယ်တော့သူမနေ့ကစက်ရုံကိစ္စကြောင့်
ညနှစ်နာရီလောက်မှအိပ်ရခြင်းဖြစ်သည် ။
ဒါကိုအထူအပါးနားမလည်သောထိုကလေးက
သူမနိုးမချင်းဘေးနာမှာတအီအီလုပ်နေလေ၏။

" ထယ်လေးရာ... ကိုယ်အိပ်ရေးမဝသေးဘူး၊
ထယ်လေးလဲခဏပြန်အိပ်လိုက် နော် လိမ္မာ
တယ် "

သူ့ဆွယ်တာအဖြူအပွကြီးကိုBoxerတစ်ထည်
နှင့်သာတွဲဝတ်ထားသော ထိုပေါက်စအား
ရင်ခွင်ထဲသိမ်းကျုံးပွေ့ရင်းခဏပြန်အိပ်ရန်
ကြိုးစားလိုက်သည် ။ သို့သော်အရာမထင်...

ပြူတစ်ပြူတစ်ထွက်လာသော ကြောင်ကြောင်
ကျားကျားနားရွက်ဖျားလေးကသူ့နှာခေါင်းကို
ဟိုတို့ဒီတို့လာလုပ်တာမို့သက်ပြင်းအသာချရင်း
ထိုနားရွက်ပိစိလေး‌တို့အားပွတ်သပ်ပေးလိုက်
သည် ။

" ကဲ... ပြော ဘာလိုချင်လို့လဲ ပေါက်စ "

" ပါးမေ့နေတာမလား... ဒီနေ့ထယ်ထယ်
၁၈နှစ်ပြည့်ပြီလေ ၊ ဘယ်မှာလဲ ကိတ်မုန့်
အကြီးကြီးး "

လက်လေးတွေကိုဖြန့်ရင်းကိတ်မုန့်အကြီးကြီး
ပုံစံလုပ်ပြတဲ့ထိုကလေးကြောင့် နှာခေါင်း
လေးကိုဖွဖွနမ်းကာပြုံးလိုက်မိသည် ။
သူမေ့နေခြင်းမဟုတ်ပါ ၊ လွန်ခဲ့သောတစ်ပတ်
လောက်ကတည်းက ဒီကလေးလေးမွေးနေ့
အတွက်ကိစ္စအဝဝကိုအဖက်ဖက်မှပြည့်စုံ
အောင်သူစီစဉ်ထားပြီးဖြစ်သည် ။

" ကိတ်မုန့်အကြီးကြီးပဲလား Hmm... "

" ရှိသေးတယ် ရှိသေးတယ် ၊ လက်ဆောင်ဗူး
အကြီးကြီးးတွေရော ၊ နောက်ပြီး... ပူစီဖောင်း
လုံးလုံးလေးတွေရော ၊ Umm...umm...
ပြီးတော့ လူတွေလဲအများကြီးဖိတ်မှာ၊
Jiminie Hyungရော၊Yoonie Hyungရော၊
Namjo --

PURPLE || KV || ✔Where stories live. Discover now