Episode.14

9.7K 1K 38
                                    

Zawgyi

အခန်းထဲကိုဆရာအသစ်ရောက်လာသည်နှင့်
တပြိုင်နက် ကျောင်းသူကျောင်းသားသဘာဝ
ဟိုဟိုဒီဒီတီးတိုးသံများဖြင့်ဝေဖန်နေကြလျက် ။
ပန်းရောင်အဖျော့သားဆွယ်တာလေးနှင့်
မျက်မှန်အဝိုင်းလေးတပ်ထားသော ဆရာအသစ်
အား ထယ်ယောင်းလေးအသေအချာ
လိုက်ကြည့်နေမိသည် ။

* သူဘာလို့အဲ့ဆရာကိုမြင်ဖူးတယ်လို့ ခံစား
မိနေရတာလဲ? *

အတန်းထဲကလူအတော်များများ၏ရှောင်ဖယ်
ခြင်းကိုခံထားရတာကြောင့် နောက်ဆုံးတန်း
မှာသာထိုင်နေရတာ ထယ်ယောင်းလေးအတွက်
မထူးဆန်းတော့ ။ စာတွေကသူ့ကိုပါပါး
သေချာပြန်ပြပေးလို့အဆင်ပြေပေမဲ့ အခုလို
အသစ်ဝင်လာတဲ့ဆရာကိုတော့သူမြင်ဖူးချင်
တာကြောင့် ခေါင်းလေးပြူ တစ်ပြူ တစ်နှင့်
ချောင်းကြည့်နေမိသည် ။

" ကျောင်းသူကျောင်းသားတွေအားလုံးပဲ
မင်္ဂလာပါ! ဆရာကမင်းတို့အတန်းမှာ English
ဘာသာရပ်ကိုသင်ကြားပေးရမဲ့ ဆရာပါ့ခ်ဘိုဂမ်ပါ
။ ဆရာတို့အတူဒီစာသင်နှစ်ကိုအောင်မြင်စွာ
ဖြတ်သန်းကြတာပေါ့ "

* Woahhh!! ဆရာကချောလိုက်တာ *

* ဆရာ့မှကောင်မလေးမရှိဘူးထင်တယ် အဟိ! *

* နောက်နေ့တော့အတန်းချိန်မှန်တော့မှာပဲ
ဟဟားး *

တစ်ယောက်တစ်ပေါက်နှင့်တီးတိုးပြောဆို
နေကြသူများအကြား ထယ်ယောင်းသူတို့
၏ English ဆရာအသစ်ကိုမှတ်မိသွားခဲ့သည် ။
မနက်ကတောင်သူကိုယ်တိုင်ရုံးခန်းကို
လမ်းညွှန်ပေးလိုက်ရတဲ့ တစ်ယောက်ပဲ ။
ချောတာတော့တော်တော်ချောသည် ။
ကောင်မလေးတွေဆိုဆူညံနေရောပဲလေ ။

ရုတ်တရက်စိတ်ထဲဝင်လာသည်က သူ့ပါပါး...
ပါပါးကလည်း အရမ်းချောတာ...
အလုပ်မှာကောင်မလေးတွေအဲ့လိုဝိုင်းဆွဲ
နေကြရင်ဘယ်လိုလုပ်ပါ့မလဲ?

" ဟိုးးးနောက်ဆုံးထောင့်က ကျောင်းသားလေး "

* ဟင် သူ့ကို???? သွားပါပြီ ၊ စာမေးမို့လား?? *

" ဒီရှေ့ဆုံးမှာတစ်ခုံလွတ်နေသေးတယ်လေ ၊
လာခဲ့ နောက်ဆုံးမှာမမြင်မစမ်းဖြစ်နေလိမ့်မယ် "

PURPLE || KV || ✔Where stories live. Discover now