Episode.9

11.5K 1.2K 73
                                    

Zawgyi

နီယွန်ပြာလဲ့လဲ့ မီးသီးမီးလုံးတို့ကား
ခြံဝန်းကြီးတခုလုံးတွင်နေရာယူထားလျက်။
လူုကြီးလူကောင်း ဂုဏ်ပုဒ်တပ်ခံရသော
အသက်ကြီးကြီး လူတို့သည်လဲဟိုတစုဒီတစု။

ငြိမ့်ညောင်းသောတေးသံမည်သော်ငြား
ပျင်းရိဖွယ်ကောင်းလွန်းသည်ကိုတော့
ငြင်း၍မရနိုင်။
ပိန်ရှည်ရှည်ဖန်ခွက်တွေ တယောက်တခွက်
ကိုင်ရင်း ရှန်ပိန်ဆိုတဲ့ရှတတအရည်တွေကို
သူလဲသောက်ချင်နေမိသည်။

စိတ်ကူးထဲတွေးလိုက်သည်ကတော့
ရှည်မျောမျော ရှန်ပိန်တဖန်ခွက်။
လက်တွေ့မှာတော့ သူကိုင်ထားသည်မှာ
စတော်ဘယ်ရီရေခဲမုန့်ကို
ကီဝီသီးလေးတွေရောထည့်ပေးထားတဲ့
ကြွေပန်းကန်လုံးကြီးသာ...။

"ပါပါး ကလဲ ကြာလိုက်တာ...ခုထိလဲပြန်
လာသေးဘူး..."

စားလက်စရေခဲမုန့်ပန်းကန်လုံးကြီးကို
စားပွဲပေါ်ခဏတင်ရင်း
ပတ်ဝန်းကျင်ကိုမျက်လုံးကစားကြည့်သည်။
ပါပါးကိုတော့မတွေ့...
ပါပါးရဲ့ ပါပါး ကိုသာတွေ့သည်။

တစ်ယောက်တည်းသီးသန့်လုပ်ပေး
ထားတဲ့ စားပွဲဝိုင်းငယ်လေးမှာ
မုန့်အစ အချိုရည်အဆုံးလိုနေသေး
မရှိလောက်အောင်ကို ပြည့်စုံလွန်းသည်။
သို့သော် သီးသန့်ဝိုင်း ဆိုသည့်အတိုင်း
သူတစ်ယောက်တည်း သီးသန့်နေနေရခြင်း
ကြောင့် ပျင်းလွန်းနေခြင်းပင်။

"ဦးဦးပါပါး!! "

နက်ပြာရောင်Suitကို Necktieနှင့်
သပ်ရပ်စွာတွဲဖက်ဝတ်ဆင်ထားသော
အသက်လေးဆယ်ဝန်းကျင်လူကြီးမှာတော့
ထိုအကောင်သေးလေး၏ခေါ်သံကြောင့်
စကားအရှိန်လက်စသတ်မိသည်။

"သား Taetaeလေး...Jungkookရော?
သားမုန့်တွေကုန်သွားပြီလား Taetae?"

"ဟုတ်ပါဘူး ဦးဦးပါပါးရဲ့။ Taetaeမှာမုန့်တွေ
များးးကြီးကျန်သေးတယ်...ပါပါးကိုရှာနေတာ...
ပါပါးက Taetaeကိုရေခဲမုန့်တစ်ပန်းကန်ပေး
ပြီး ပျောက်သွားပြီ"

"ဟုတ်ပါပြီဗျာ..., သား ပါပါးက လူကြီးတွေနဲ့
အလုပ်ကိစ္စအတွက်စကားခဏပြောနေတာ
ဖြစ်မယ် Taetaeရဲ့။ ခဏနေပြန်လာလိမ့်မယ်
စားပွဲဝိုင်းမှာပဲပြန်သွားထိုင်နေလိုက်နော်
Taetae"

PURPLE || KV || ✔Where stories live. Discover now