Episode.15

10.1K 1K 27
                                    

Zawgyi

ပေါက်​စ ​ပေါက်​စ....
နေ့ချင်းညချင်းသွက်​လာလိုက်​တာဆိုတာဗျာ ။
အရင်​ကဆို စားဖို့၊အိပ်​ဖို့၊TVကြည့်​ဖို့ သူ​လေးမှာ
ဒါနဲ့တင်​အလုပ်​များ​နေရှာတာ ။
အခုများ​တော့ ​ရှော်​ပင်​ထွက်​မယ်​ပါပါးဆိုပြီး
လာ​ခေါ်လိုက်​ ၊ ​ကောင်​မ​လေး​ချော​ချော​လေး​တွေ
ပါတဲ့ကာတွန်းကားမျိုးကြည့်​ချင်​လို့ပါဆိုပြီး
လာပူဆာလိုက်​နဲ့!

တစ်​ခါဆိုအဲ့လိုပူဆာလွန်းလို့ လုံးကစ်​​နေတဲ့
ဖင်​တုံး​လေးကိုအနားမှာရှိတဲ့သစ်​သား​ပေတံပြား
လေးနဲ့နှစ်​ချက်​​လောက်​ခပ်​ဆတ်​ဆတ်​ရိုက်​ပြီး
ဆုံးမလိုက်​မိတာ....
နှစ်​ရက်​​လောက်​သူ့ကိုစိတ်​​ကောက်​ပြီးစကား
တခွန်းမှပါမ​ပြော​တော့တာဗျာ ။

နောက်​ဆုံးသူ့မှာမ​နေနိုင်​လို့သွားပြန်​​ချော့​တော့
လည်း ပါပါးကသူများကိုအဲ့လိုရိုက်​တာ
ရဲစခန်းကဦးဦး​တွေကိုက​လေးသူငယ်​နှိပ်​စက်​မှုနဲ့
တိုင်​လို့ရတယ်​တဲ့​ ။ ကျ​တော့်​မှာ​ခေါင်းနပန်း
ပါကြီးသွားရတယ်​ရယ်​... ဒီက​လေးဒီလိုစကား
တွေဘယ်​လိုတတ်​ဆိုပြီး စုံစမ်း​တော့မှ
သူကဆရာ ပါ့ခ်​ဘိုဂမ်​ဆိုတဲ့လူ​ပြောတဲ့အတိုင်း
တစ်​​သွေမသိမ်းနား​ထောင်​​နေတာတဲ့​လေ ။

ခုလဲသူကြည့်​ချင်​တဲ့​ကောင်​မ​လေး​ချော​ချော​လေး
တွေပါတဲ့ တရုတ်​သိုင်းကားမကြည့်​ရလို့ဆိုပြီး
သူ့ကိုစိတ်​​ကောက်​​နေပြန်​တယ်​ ။ သူက​ရော
စိတ်​​လျော့အလိုလိုက်​ပြီး ကြည့်​ခွင်​ပြုမယ်
ထင်​​နေလား? ဟင့်​အင်းေ​နာ်​... ကျန်​တာသာ
အလိုလိုက်​မယ်​ ၊ ဂျွန်​​ဂျောင်​ကုက ဒါမျိုးဆို
လုံးဝ အလိုမလိုက်​နိုင်​ပါ​သောပဲ!

" ​တော်​စမ်း ဂျွန်​ထယ်​ထယ်​! ဘာကိစ္စ က​လေး
က က​လေးလိုမ​နေဘဲ လူကြီးတအားဖြစ်​ချင်
နေတာလဲ ဟမ်​! "

" ထယ်​ထယ်​ က​လေးဟုတ်​​တော့ဘူး ။
ထယ်​ထယ်​က ဆယ့်​ရှစ်​ပြည့်​​တော့မှာ ၊ မမ​ချော
ချော​လေး​တွေပါတဲ့ကား​တွေ များးးကြီးကြည့်
လို့ရတယ်​ "

PURPLE || KV || ✔Where stories live. Discover now