Episode.8

11.8K 1.2K 131
                                    

Zawgyi

စာကြည့်စားပွဲရှေ့၌ အမြှီးလေး
တဝေ့ဝေ့နှင့် အိမ်စာလုပ်နေသော
ကောင်လေးတစ်ယောက်။
စားပွဲပေါ်တင်ပေးထားတဲ့ နွားနို့ခွက်လေး
ကိုယူသောက်လိုက် အိမ်စာလေးကို
လှုပ်စိလှုပ်စိရေးလိုက်, ပတ်ဝန်းကျင်ကို
အစူးစမ်းလွန်နေသည်မှာလည်း
လေတိုက်လို့သစ်ရွက်လှုပ်ရင်တောင်
လိုက်ငေးနေသောကြောင့် အိမ်စာက
တော်တော်နှင့်မပြီးနိုင်ဖြစ်နေသည်။

"ဟူး...ပျင်းလိုက်တာ လုပ်ချင်တော့ဘူး"

နှစ်နာရီနီးပါးကြာသွားသော်လည်း
အိမ်စာကတော့ လေ့ကျင့်ခန်းတခုကနေကို
မတက်ဖြစ်နေတာကြောင့်
ထိုပိစိလေး အပျင်းကြောဆွဲပါတော့သည်။

"ပါပါး ရောဘာလုပ်နေမလဲမသိဖူး,"

ပြောရင်းဆိုရင်းနှင့်ပင် သူ့ပါပါးအခန်းဆီသို့
ပြေးသွားသော အကောင်ငယ်လေးကြောင့်
စာကြည့်စားပွဲပေါ်က ရေးလက်စ
စာအုပ်ဘေးတချို့မှာတော့
ကျန်ရစ်ခဲ့လျက်....။

"ပါ ပါး!!"

"ပြောလေ ကလေးလေး..."

နောင်တချိန်တွင် Jeon Group၏
ဆက်ခံသူဖြစ်လာမည့်အလျောက်
ယခုကတည်းကပင် စီးပွားရေးနယ်ပယ်ကို
ကြိုတင်လေ့လာနေရသူJungkook
ကတော့ အရာရာကိုစေ့စပ်သေချာစွာ
ကြိုးစားတတ်သူတယောက်ပင်။
အလုပ်တစ်ခုကိုတစ်စိုက်မတ်မတ်
လုပ်တတ်သော Jungkookသည်
ခြွင်းချက်အနေဖြင့်ထိုကလေးလေး
အတွက်တော့ အချိန်ကိုမရရအောင်
ပေးတတ်စမြဲ...။

"ပါပါး...Taetaeစာလုပ်ချင်တော့ဘူး"

အိပ်ရာပေါ်သို့အမြှီးလေးတလှုပ်လှုပ်နဲ့
တက်လာရင်း သူ့ကိုလာကပ်ချွဲသော
ထိုပ်စိလေးကြောင့် Laptopကိုခဏ
ဖယ်ပြီး ထိုကလေးစိတ်တိုင်းကျ
ပေါင်ပေါ်ပွေ့ချီပေးရသည်။

"Taetaeစာလုပ်ရတာ ပျင်းလာပြီပါပါး။
စာတွေကTaetaeရေးပေမဲ့ သူတို့ကအရေး
မခံတော့ မပြီးသေးဘူးဖြစ်နေတယ်"

ဒီကလေးဟာလေ...,သူ့ဟာသူ
အပျင်းတစ်နေတာကိုတောင်
စာတွေကပဲအရေးမခံဘူးလုပ်သေး။
နက်ဖြန်လဲကျောင်းတက်ရက်ဖြစ်တာကြောင့်
လွှတ်ထားလို့တော့မဖြစ်သေးချေ။

PURPLE || KV || ✔Waar verhalen tot leven komen. Ontdek het nu