Episode.5

14.7K 1.4K 143
                                    

Zawgyi

"ပါး!! ပါး!! ပါပါး!! ထတော့လို့!!!
ပါးကလဲဒီနေ့Taetaeကစားကွင်းသွားပါမယ်ဆို
ထတော့!!"

အမလေး...မနက်မိုးလင်းမျက်လုံးနှစ်လုံး
မဖွင့်ခင်ကတည်းကတ"ပါး"တည်း"ပါး"နေတာ
နားတွေလဲ ငြီးလှပြီJeon Taetaeရေ။
ညက Tattooဒီဇိုင်းစိတ်ကူးပေါ်လို့
ချဆွဲရင်းနဲ့အနည်းငယ်ညဥ့်နက်သွားခဲ့သည်။
ထိုကလေးကိုလည်းည9နာရီကတည်းက
သီချင်းဆိုပြီးသိပ်ရသေး။
မဟုတ်ရင်ကိုယ်တော်လေးက
ဟိုစပ်စပ်ဒီစပ်လုပ်တာနဲ့တင်သူဆွဲတဲ့
ဒီဇိုင်းPrinterပေါ်ရောက်မှာမဟုတ်တော့။

"အင်း..အင်း...ထပါပြီ ကလေးရယ်။
ဘယ်လိုဖြစ်လို့ကလေးကအစောကြီးထနေ
ရတာတုန်း"

"ပါးကလဲ...ဒီနေ့Taetaeသူငယ်ချင်းနဲ့
ကစားကွင်းမှာတွေ့ဖို့ချိန်းထားတာပါးပဲလိုက်
ပို့မယ်ဆို။ ခုချိန်ထိလဲTaetaeစားဖို့ဘာမှလဲ
လုပ်ပေးသေးဘူး။ ဗိုက်ဆာတာပေါ့လို့"

ဗိုက်ကလေးကိုပွတ်ပြရင်း နှုတ်ခမ်းလေးတဆူဆူနဲ့ ပြောနေသောအကောင်ပေါက်ကလေးကို
သူစိတ်မဆိုးရက်ပါ။
အသည်းတွေယားလွန်းလို့တောင်
ထိုအိစက်နေသောပါးဖောင်းဖောင်းလေး
နှစ်ဖက်ကို ဖွဖွဆွဲရင်းအသာနမ်းရှိုက်မိသည်။

"အင်းပါ...ကိုယ်မနက်စာပြင်ပေးမယ်
ခဏလေးစောင့်နော်။ အိမ်ရှေ့မှာTVသွား
ကြည့်ရင်ကြည့်နေလေ ကလေး"

"ဟုတ် စတော်ဘယ်ရီပါဖျော်ပေးနော် ပါး"

"ဟုတ်ပါပြီဗျာ ဒါနဲ့ကလေးသူငယ်ချင်းက
ဘယ်သူတုန်း?ကလေးနဲ့အတူတူထမင်းခိုးစား
တဲ့ကောင်လေးလား?"

"ဟုတ်ဘူး ပါးရဲ့။Taetaeနဲ့တူတူ ထမင်းခိုးစား
တာက Jiminie။ ခုကTaetaeရဲ့သူငယ်ချင်း
အသစ် Jihoonie။ သူကTaetaeကိုပါးလိုပဲ
အရမ်းချစ်တာ...မုန့်တွေလဲများကြီးဝယ်ကျွေး
တယ်။ Taetaeကြိုက်တဲ့Cookyရုပ်လေး
တောင် လက်ဆောင်ပေးလိုက်တယ်ပါးရဲ့"

"သူက ကလေးနဲ့အတန်းအတူတူပဲလား?"

"ဟင့်အင်း သူကအထက်တန်းနောက်ဆုံးနှစ်
ပါးနဲ့ရွယ်တူပဲထင်တယ်"

"ကလေးနဲ့သူတော်တော်ခင်တာလား?"

"အင်း JihoonieကTaetaeဆံပင်လေးတွေကို
အရမ်းမွှေးတာပဲတဲ့။ Taetaeကိုလဲအရမ်းချစ်
ဖို့ကောင်းတယ်တဲ့။ ဒီနေ့တောင်Taetaeကို
Cotton Candyဝယ်ကျွေးဖို့ခေါ်လိုက်တာ
သိလား "

PURPLE || KV || ✔حيث تعيش القصص. اكتشف الآن