Episode.6

13.3K 1.4K 219
                                    

Zawgyi

သူအပြစ်ပေးခဲ့သည့်နေ့မှစ၍
ကောင်လေးသူ့စကားဆို မြေဝယ်မကျ
နားထောင်တတ်လာသည်။
အရင်လိုလဲ မျက်စိနောက်လောက်အောင်ကို
ရွစိထိုးနေသော ကလေးလေးမဟုတ်တော့။
သို့သော် သူစိတ်မကောင်းဖြစ်ရတာတော့အမှန်။
ကလေး သူ့ကိုကြောက်သွားပြီ
မဟုတ်ပါလား?
သူကလေးကို အခုလိုကြောက်စေချင်၍
အပြစ်ပေးခဲ့သည်တော့လဲမဟုတ်။
စိတ်အလိုမာန်ပါသွားခဲ့၍
အနည်းငယ်လက်လွန်သွားခြင်းပင်။

"ကလေး...ဒီနေ့ကျောင်းပိတ်တယ်ဆိုတော့
ကလေးသွားချင်တဲ့ နေရာတွေဘာတွေရှိလား?
ကိုယ်လိုက်ပို့ပေးမယ်လေ "

ချော့မြှူ လိုသောကြောင့် အချိုသပ်သော်ငြား
ခေါင်းသာ အတွင်တွင်ခါပြနေသော
အနှီကောင်ပေါက်လေး။

"Taetae အိမ်မှာပဲTVကြည့်ပါတော့မယ်။
Taetaeလျှောက်သွားရင် ပါပါးအလုပ်ရှုပ်
နေမှာပေါ့ "

မျက်နှာငယ်လေးနှင့် ချစ်စဖွယ်ဆိုလာပြန်တော့
လည်း ဒီကလူကြီးကအရည်မပျော်ရုံ
ဆဲဆဲပေါ့ ကလေးလေးရယ်။
ဆိုဖာပေါ်မှာ ပုံ့ပုံ့လေးထိုင်နေတဲ့
မြေခွေးပေါက်လေးကို ပေါင်ပေါ်ဆွဲပွေ့တော့
လည်တိုင်နားသို့ အရန်သင့်တိုးဝှေ့လာသော
နှာခေါင်းလုံးလုံးလေးကြောင့်
ပြုံးမိပြန်ရပါသည်။

"ကလေးလေး ကိုယ့်ကိုကြောက်နေတာလား။
ကိုယ်အဲ့နေ့က ကလေးကိုရိုက်မိတာ
တောင်းပန်ပါတယ် ကလေးရယ်။ ကိုယ်လဲ
ဒေါသကြောင့် စိတ်မထိန်းနိုင်ဖြစ်သွားတာ။
ကိုယ်နောက်ဆင်ခြင်မယ်နော်...ကိုယ့်ကို
မကြောက်ဘူးမလား?"

"ဟင့်...အီး..ဟီး...T..Tae..taeကို ပါးကစိတ်
ဆိုးပြီး...ဟင့် ဆိုင်ပြန်ပို့မှာ ကြောက်နေတာ။
Taetaeကို..ဆိုင်ပြန်မပို့ပါနဲ့နော်..။Taetae
ပါပါးစကားနားထောင်ပါ့မယ်နော်..."

ဘယ်တုန်းကတည်းက ငိုချင်နေတာများလဲမသိ။
သူချော့ကာမှ မျက်ရည်တွေရော
နှာရည်တွေရော ဘူးသီးလုံးသဖွယ်
အသွယ်သွယ်ဖြာဆင်းလာသောကြောင့်
ကျောပြင်လေးကိုခပ်ဖွဖွပွတ်သပ်ရင်း
ကလေးအငိုတိတ်အောင်စောင့်နေမိသည်။

"ကိုယ်က ကလေးကိုဘာလို့ပြန်ပို့ရမှာလဲကွာ။
စိတ်ချ ကိုကို့ကလေးလေးကိုချစ်လွန်းလို့
ခေါ်ထားတာပါဆို ပြန်ပို့စရာလား။ စိတ်မဆိုး
နဲ့တော့နော်...ရှူး မငိုနဲ့ တိတ်တော့ကလေး"

PURPLE || KV || ✔Where stories live. Discover now