Merry Christmas လက်ဆောင်

1.5K 313 18
                                    

စာတွေထဲမှာလဲ ဖတ်ရမှာပါ…
တချို့ လူတွေက ဘဲဥလို လူမျိုး …( အပူပေးလိုက်တဲ့အခါ . မာသွားကြတယ်)

တချို့ လူတွေက အားလူးလိုလူမျိုး (အပူပေးလိုက်တဲ့အခါ ပျော့သွားကြတယ် )

ဒါက ဘာကိုဆိုလိုတာလဲဆိုတော့…

ဘဲဥလိုလူတွေဟာ လောကဓံ နဲ့ ကြုံတွေ့လာရတဲ့အခါ … အဆင်မပြေမှုတွေ နာကြည်းမှုတွေ ဒဏ်ရာတွေ များလာတဲ့အခါ ခံနိုင်ရည် ရှိလာတယ် မာကြောလာတယ် အားအင်ရှိလာကြတယ်။

အားလူးလို လူတွေကကျ အဆင်မပြေမှုတွေ ရှုံးနိမ့်မှုတွေ ရင်ဆိုင်လာရတဲ့အခါ  လက်လျော့သွားကြတယ် အရှုံးပေးလိုက်ကြတယ် ထွက်လိုက်ကြတယ်။

ဒါကြောင့် အာလူးလိုလူမျိုး မဖြစ်စေနဲ့ ဘဲဥလို လူဖြစ်အောင် လုပ်လို့ ဆုံးမကြတယ်။

Ren အနေနဲ့ကတော့ …
အားလူးလဲ မဖြစ်စေချင်ဘူး…
ဘဲဥလဲ မဖြစ်စေချင်ဘူး…

ဘဲဥလို လူမျိုးတွေဟာ ရင့်ကျက်လာတဲ့အခါ မာကြောလာတဲ့အခါ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုတဲ့ အထာဖြစ်လာကြတယ်။
ဒီလိုနဲ့ သူတို့ဟာ အတ္တပါးပါးလေးန့သူတို့ကိုယ်သူတို့ ကာကွယ်လာကြတယ် အတွင်းထဲမှာတော့ သူတို့ အထီးကျန်နေရတယ် ။ သိမ်ငယ်နေကြရတယ်။
အပြင်ကကြည့်ရင်တော့ ဒီလူ စိတ်ဓာတ်မာတယ်ပေါ့ … အတွင်းကကြည့်ရင်တော့ ဒီလူ က ယိုင်နဲ့နဲ့ပဲကျန်တော့တာ။
ဒါကြောင့် အဲ့လိုမျိုး အေးစက်စက်နဲ့ တစ်ယောက်တည်း တစ်ကမ္ဘာတည်ဆောက်ပြီး အထီးကျန်ကျန်မဖြစ်စေချင်ဘူး။

နောက်ပြီး အားလူလိုလူမျိုးဆို ပိုတောင်ဆိုးတာပေါ့။သဘာဝက သန်မာတဲ့စိတ်ဓာတ်ပေးထားပါရက်နဲ့ အဆင်မပြေမှုတွေ ကြုံလာတဲ့အခါ စိတ်တင်းမထားပဲ အလွယ်တကူပဲ လက်လျော့လိုက်တာမျိုး နောက်ဆုတ်လိုက်တာမျိုးလဲ မဖြစ်စေချင်ဘူး။ ပျော့ညံ့တဲ့ လူဖြစ်ရတာထက်စာရင် ခုနကလို မာကြောကြောနဲ့ အထီးကျန် လူဖြစ်ရတာတောင်ပိုကောင်းရင်ကောင်းဦးမယ်။

ဒါဆို ဘယ်လိုလူဖြစ်စေချင်တာလဲ ???

အရှိကို အရှိအတိုင်း လက်ခံတဲ့သူဖြစ်စေချင်တယ်။
လောကဓံ မုန်တိုင်းရိုက်ခတ်လဲ … အေးအေးဆေးဆေးရင်ဆိုင်တဲ့သူမျိုးပေါ့။
ချက်ချင်းကြီးလဲ အရှုံးမပေးဘူး။ ငါမှငါ ဆိုပြီး အတ္တလဲ မထားဘူး။ လူတွေနဲ့ Flexible ဖြစ်နိုင်တဲ့ လိုက်လျောညီထွေဖြစ်အောင်နေနိုင်တဲ့ လူဖြစ်စေချင်တာ။
ကြက်သွန်ဖြူ လိုပေါ့။
ဆန်ပြုတ်နဲ့လဲ တည့်တယ်။ ဟင်းချက်တဲ့နေရာမှာလဲအသုံးဝင်တယ်။ ဆေးဖက်လဲဝင်တယ်။

အဲ့လို မျိုး အဆင်မပြေလဲ ကိုယ့်နဂို ပုံစံကို ပျောက်မသွားပဲ အေးအေးဆေးဆေး ဖြေရှင်းနိုင်တဲ့သူ ရင်ဆိုင်နိုင်တဲ့သူပဲ ဖြစ်စေချင်တယ်။

Merry Christmas To All ပါနော် ။
ပျော်ရွှင်စိတ်ချမ်းသာကြပါစေ:-*
ဆန္ဒတွေ အိပ်မက်တွေကိုလဲ အကောင်အထည်ဖော်နိုင်ပါစေ။





*မြေကြီးကပြောတယ်…
ငါ့အပေါ် ပူလောင်စွာ နေမင်းက အလင်းပေးတယ်။
ငါရဲ့မြေကြီးတွေဟာ မာကြောလာတယ်။

မြေကြီးကပြောတယ်…
ငါ့အပေါ် အေးစက်စွာ မိုးတွေက ရွာသွန်းတယ်။
ငါ့ရဲ့မြေကြီးတွေက ပျော့ပျောင်းသွားတယ်။

ငါဟာ ယာယီခဏတာ ပုံပျက်သွားပေမယ့်…
အချိန်တန်တော့ မြေကြီးဟာ မြေကြီးပါပဲ *

ကောင်မလေးတွေဖတ်ဖို့Where stories live. Discover now