intro

2K 121 13
                                    

(Zawgyi)

"ဒီ​နေ့အတွက်​ဘာတင်​ပြစရာရှိ​သေးလဲ......?"

ဆိုဖာ​ခုံ​ပေါ်မှီလှဲလို​ပြီးမျက်​လုံးကိုမှိတ်​ကာ တစ်​ဖတ်​က​ပြောလာမည့်​စကားများအားနားစွင့်​​နေလိုက်​သည်

"ခန​နေ၃နာရီခွဲအစည်းအ​ဝေးပဲကျန်​ပါ​တော့တယ်​.........."

"ဟုတ်​ပြီ သွားလို့ရပြီ......"

"ဒါနဲ့​လေ......"

"ဘာလဲ တင်​ပြစရာကျန်​​နေ​သေးလို့လား.....?အ​ရေးမကြီးရင်​​နောက်​မှ​ပြော​တော့ ကျ​နော်​နားချင်​ပြီ......."

တစ်​​နေ့လုံးဟိုပြေးလိုက်​ဒီ​ပြေးလိုက်​နဲ့အခုမှနားချိန်​ရသည်​.....ရတဲ့အချိန်​ကလည်း၁၅မိနစ်​​လောက်​သာမို့ ဒီအချိန်​​လေးကိုဘယ်​သူ့ကိုမှဖဲ့မ​ပေးချင်​.....

"အ​ရေးကြီးပါတယ်​......"

"ဘာကိစ္စလဲ......?"

စိတ်​အလိုမကျနိုင်​စွာ မျက်​ခုံးနှစ်​ဖက်​ကိုတွန့်​​ကွေးရင်း အတွင်း​ရေးမှူးkim အားဘုဆတ်​ဆတ်​​လေးပြန်​​မေးမိသည်

"သူ...............ပြန်​​ရောက်​လာပါတယ်​"

"ဘာ!!"

ချက်​ချင်းမက်​တပ်​ထရပ်​မိမတက်​ဖြစ်​သွားပြီးကာမှ စိတ်​ကိုပြန်​​လျှော့ကာ

"ဘယ်​တုန်းက .....ပြန်​​ရောက်​လာတာလဲ.......?"

"၃လ​နီးပါး​လောက်​ရှိပြီလို့သိရပါတယ်​......"

"၃လ​လောက်​ရှိတာကို ဘာလို့ကျ​နော်​ကအခုမှသိရတာလဲ.......?"

"......."

"Hyung........ကျ​နော်​​မေးတာ​ဖြေ​လေ......"

အသံကိုမမာမိ​အောင်​ထိန်း​ပြော​နေရင်းကပင်​နဲနဲကျယ်​သွားသည်​ထင်​ Doyoung hyungက​ခေါင်းငုံ့​နေရင်းမှ ခပ်​စိမ်းစိမ်းပြန်​ကြည့်​လာသည်

"မင်းအရင်​တိုင်းပဲjaemin ဘာမှမ​ပြောင်းလဲသွားဘူး သူ နဲ့ပတ်​သတ်​လာရင်​ ငါ့ကို​​အော်​တုန်းပဲ......."

"သူ"မရှိ​တော့ထဲက ​အတွင်း​ရေးမှူးတစ်​ဖြစ်​လဲ hyungလိုတစ်​ဖုံခင်​မင်​ဖွင့်​ဟလို့ရခဲ့​သော တစ်​ဦးထဲ​သောလူသား.....JK Groupကိုဦး​ဆောင်​​နေတဲ့ဥကဋ္ဌjaeminရဲ့အယုံကြည်​ရဆုံးလူယုံ​တော်​ဆိုလည်းဟုတ်​သည်​......Doyungလို အနစ်​နာခံ အပင်​ပန်းခံပြီး​ဘေးနားတွင်​ရှိ​နေ​ပေးခဲ့တဲ့လူကို​တောင်​ "သူ"နဲ့ပတ်​သတ်​လာရင်​jaeminဆတ်​ဆတ်​ထိမခံဖြစ်​မြဲ.....

My Ocean💦Donde viven las historias. Descúbrelo ahora