5❦
756 86 7
(Zawgyi)
ပျင်းလိုက်​တာ...
အိမ်​ထဲမှာလည်းဟာလာဟင်းလင်းဖြစ်​​နေသလို
ရင်​ထဲမှာလည်းဟာတာတာကြီး
တစ်​​ယောက်​​ယောက်​ကို​စောင့်​​မျှော်​ရတဲ့အလုပ်​ကသိပ်​ပျင်းစရာ​ကောင်းမှန်း jaeminအခုမှနားလည်​​တော့သည်
ထိုင်​မရထမရနဲ့​နေရတာလည်းအဆင်​မ​ပြေ.....
စိတ်​​ပြေလက်​​ပျော်​ဂိမ်း​ထိုင်​​ဆော့​နေမိ​သော်​လည်း စိတ်​က​တော့ ခြံတံခါးဝဆီမှာသာ.....
*​တောက်​...*
ဘာလို့ပြန်​မလာ​သေးရတာလဲ.....
လူကိုပြီးစလွယ်​ "အကို ဒီ​နေ့မအားလို့ အိမ်​စာအဖြစ်​ဒီပ​ရောဂျက်​အ​ကြောင်းကိုနားလည်​​အောင်​ကြည့်​ထား​ ....ပြန်​လာမှအကိုစစ်​ကြည့်​​ပေးမယ်​....."ဆိုပြီး ထားသွားတဲ့သူက ညရှစ်​နာရီ ကိုးနားရီထိပြန်​မလာရ​အောင်​ ကိုယ့်​ထက်​အ​ရေးကြီးတာဘာများရှိ​နေလို့ပါလိမ့်​.....
ကိုကိုက သူ့ကိုအိမ်​မှာ​နေခိုင်းထားတာ ကိုယ့်​ကို​စောင့်​​ရှောက်​ပြီး​သင်​ကြား​ပေးဖို့​လေ ..
ဒင်းကခုချိန်​ထိဘယ်​​တွေသွားပြီးအ​လေလိုက်​​နေလဲမသိ.....
*တီ*
ထင်​သည့်​အတိုင်းပင်​....
jaemin အိမ်​တံခါးကို​စောင့်​တွန်းဖွင့်​ကာ သူဝင်​သွားသည့်​ အိမ်​မကြီး​ထဲ​နောက်​ကလိုက်​ဝင်​လာခဲ့သည်
"သခင်​​လေး...!"
ပြန်​​ရောက်​လာရင်​ချက်​ချင်းလာ​ပြောဖို့မှာခဲ့တဲ့​ကောင်​မ​လေးနဲ့အိမ်​တံခါးဝတွင်​ဆုံ​တော့ ခပ်​မြန်​မြန်​ပင်​တွန်းဖယ်​ပြီး သူ့အခန်းဝတွင်​​ခြေစုံရပ်​မိသည်​....
တံခါးဖွင့်​ဖို့အ​ရေး ရင်​ဘက်​ကိုဖိကာ အ​မောအရင်​​ဖြေရသည်​....
ဝိုင်​တစ်​ပုလင်းနဲ့ခွက်​တစ်​ခွက်​ကိုဗန်းထဲထည့်​ကာယူလာ​သော​ကောင်​မ​လေးကjaeminကို​တွေ့​တော့​ခေါင်းငုံ့နှုတ်​ဆက်​၏
My Ocean💦Where stories live. Discover now