20

862 68 6
                                    


(Zawgyi)

Na jaeminနဲ့Haung renjunတို့အိမ်ကလေး၏မီးဖိုခန်းတစ်နေရာတွင်

"ဒါတွေက ဘာတွေတုန်း! "

နေကောင်းခါစအကို့အတွက် ကြက်စွပ်ပြုပ်လုပ်ပေးနေရင်း Na jaeminလေး laptopထဲမှအညွှန်းကိုကြည့်ကာ ညည်းညူနေမိသည်

ရေထည့် ကြက်ကောင်လုံးကို ပွက်ပွက်ဆူအောင်ထား ပြီးရောပေါ့

ဘာလို့များ ဟင်းခက်အမွှေးအကြိုင်တွေက ဒီလောက်များနေပါလိမ့်

နေဦး နေဦး ကြက်ကိုဗိုက်ဖောက်ရဦးမယ်ဟ

အိုးထဲမှကြက်ကိုပြန်ဆယ်ကာ ဗိုက်ဖေညက်ပြီး အိုးထဲပြန်ထည့်လိုက်သည်

ကိုယ်လုပ်ထားသော အိုးထဲမှ ကြက်ပြုပ်ရေလေးကိုတစ်ဇွန်းခပ်ကာ မြည်ကြည့်လိုက်သည်နှင့်

"ဖွီ! !.....ဘာအရသာမှလည်းမရှိပါလား?  "

ဒါနဲ့ ဒီစွပ်ပြုပ်က ငါလုပ်ထားတဲ့စွပ်ပြုပ်ရောဟုတ်ရဲ့လား?

ဘေးဘက်ဝဲယာကို လှည့်ကြည့်သော်လည်း ဘယ်သူမှရှိမနေ

ဒီစွပ်ပြုပ်က ငါလုပ်တဲ့စွပ်ပြုပ်ဆိုတာ မယုံကြည်နိုင်စရာပဲ

အိုးထဲကရေတစ်ဝက်လောက်အား ဘေစင်ထဲပြန်လောင်းချပြီး မီးဖိုပေါ်ပြန်တင်ကာ အငံထပ်ထည့်ရန်ငံပြာရည်ပုလင်းကို ပုလင်းပေါင်းများသွာကြားထဲက ခက်ခက်ခဲခဲလိုက်ရှာလိုက်ရသည်

အာ ......တွေ့ပီ

ငံပြာရည်ပုလင်းတော့မဟုတ် ပဲငံပြာရည်ပုလင်းဖြစ်နေသည်

ဘာဖြစ်ဖြစ် ငံပြာရည်ချင်းတူတူပဲဟာ

ဖင်ကပ်လောက်ကျန်ရှိနေသော ရေထဲပဲငံပြာရည်တစ်ဇွန်းခပ်ထည့်ပြီးတဲ့နောက်မှာတော့ ထပ်မမြည်းရသေးခင်မှာပင်

အိပ်ရာက နိုးလာပြီး မီးဖိုခန်းထဲစမ်းတဝါးဝါးဝင်လာသော အကို့အနားအပြေးသွားကာ

"အကိုနိုးပြီလား? "

"အင်း ......အငယ် ဘာတွေလုပ်....ဟင်  ? ဒါအကို့အတွက်လား? "

မီးဖိုပေါ်မှကြက်စွပ်ပြုပ်အိုးအားညွှန်ပြကာမေးလာသည်

"ဟုတ်တယ် အကို့အတွက် ....ကျနော်ကိုယ်တိုင်လက်စွမ်းပြထားတာ မြည်းကြည့်မလားဟင် "

My Ocean💦Where stories live. Discover now