13❦

745 92 27
                                    

Zawgyi...

နူးညံ​နွေး​ထွေးမှု့......

ကိုယ့်​​ကျောပြင်​နဲ့ထိကပ်​​နေတဲ့​နေရာဟာ ​အေးစက်​စက်​ကြမ်းပြင်​မဟုတ်​ပဲ ​နွေး​ထွေးလွန်းတဲ့အိပ်​ရာ တစ်​ခု ဖြစ်​​နေခဲ့တာလား....?

renjun ကပြာကယာထထိုင်​လိုက်​ပြီး ​ဘေးဘီကိုလှည့်​ကြည့်​လိုက်​သည်​....

ဘယ်​သူမှမရှိ.....

နေစမ်းပါဦး..... ဒါဘယ်​သူ့အခန်း....

ညီငယ်​....? အိုးမိုင်​....!!

renjun ကုတင်​​ပေါ်က ခုန်​မချရုံတမယ်​ ​ပြေးဆင်းလိုက်​သည်​....

ငါ ညက ကျိန်း​သေ ကြမ်းပြင်​မှာ ခနမှိန်း​နေခဲ့တာပါ.....

ဘေးစားပွဲခုံ​ပေါ်ကနာရီကို တစ်​ချက်​ကြည့်​လိုက်​​တော့ ၉နာရီတိ....

ဘယ်​လိုများ သူများ ကုတင်​​ပေါ်မှာနှစ်​နှစ်​ခြိုက်​ခြိုက်​များ အိပ်​​ပျော်​ခဲ့ရပါလိမ့်​....

ကျစ်​!!

renjun အ​ပေါ်ဝတ်​အင်္ကျီနှင့်​ အလုပ်​အိတ်​ကို အမြန်​လိုက်​ရှာရ​တော့သည်​.....

အောက်​ထပ်​ကို​ပြေးဆင်း​တော့ ​လှေကားထစ်​အလယ်​မှာ အ​စေခံ​ကောင်​မ​လေးတစ်​​ယောက်​နဲ့ဆုံ၏.....

သူ့လက်​ထဲမှာ ကိုယ့်​အလုပ်​အိတ်​ရယ်​..... ဝတ်​စုံသစ်​တစ်​ခုရယ်​....

"အာ....ဒါငါ့ဟာ...."

renjunအလုပ်​အိတ်​ကိုကမ်းယူလိုက်​သည်

"ဟုတ်​ကဲ့ ကျမ အခုပဲလာပို့​ပေး​တော့မလို့ပါ....ဒီဟာ​ရောပဲ...."

ကောင်​မ​လေးက ဝတ်​စုံသစ်​ကိုထပ်​ကမ်း​ပေး​တော့ renjunလက်​ကာလိုက်​ကာ

"အဲ့ဒါကျ​နော့ဟာမဟုတ်​ဘူး......ကျ​နော့ရဲ့အ​ပေါ်coat​ရော...."

"ဟို.....သခင်​​လေးက အမှိုက်​​ပုံးထဲထည့်​လိုက်​တယ်​........အဲ့ အဲ့ဒါ​ကြောင့်​ ကျ​မတို့က အတွင်း​ရေးမှူးhaungအတွက်​အသစ်​မှာ​ပေထားတာ....."

"ငါ့ အင်္ကျီက အသစ်​ကြီး​လေ...တစ်​ခါနှစ်​ခါပဲဝတ်​ရ​သေးတာဟာ....."

"အဲ့ဒါ​တော့ ကျမတို့လည်းမသိပါဘူးရှန်​...."

ကောင်​မ​လေးက မျက်​နှာမ​ကောင်းစွာနဲ့ပဲ ပြန်​ဆင်းလာကာ ထမင်းစားခန်းဝက​နေ သခင်​​လေးကို ငြိမ်​သက်​စွာကြည့်​​နေ၏

My Ocean💦Where stories live. Discover now