12❦

723 86 23
                                    

Unicode....

"မင်း ဒီမှာဘာလုပ်နေတာလဲrenjun....!!လာ လိုက်ခဲ့...."

"Chenle! ငါပြောပြမယ်..."

renjunတစ်ယောက် Chenleဆွဲခေါ်ရာနောက် ဒရောသောပါးလိုက်ပါလာရင်း companyမှဝေးဝေးမရောက်ရအောင်လည်းလက်ကိုပြန်ဆွဲရသည်.....

"ငါ မဟုတ်လောက်ပါဘူးလို့ထင်နေခဲ့တာ.... မင်းဘယ်လိုစိတ်မျိုးနဲ့ ဒီနေရာကိုများတန်းတန်းမတ်မတ်ပြန်လာခဲ့ရသလဲrenjun! ဟမ်....?"

"ငါလည်းမရည်ရွယ်ခဲ့ဖူး...."

"ငါ့ဆီဘာလို့အရင်မလာခဲ့တာလဲ ...?"

"ကိစ္စတွေကအဲ့လိုပဲဖြစ်သွားတယ်...ညနေ ငါမင်းဆီကိုလာခဲ့မယ် အခုကအရေးကြီးကိစ္စလေးရှိနေလို့ ငါအရင်သွားလိုက်ဦးမယ်...."

"renjun! "

နောက်ကခေါ်သံကိုဂရုမစိုက်နိုင်ပဲ renjunက companyထဲသာအမြန်ပြေးဝင်သွား၏....

စောတနာထားလွန်းတဲ့သူငယ်ချင်းရဲ့စိတ်ကိုနားလည်ပါသော်လည်း အခုအချိန် အဲ့ဒီ့ထက်ပိုအရေးကြီးတဲ့ကိစ္စကရှိနေသည်မို့ renjun့မှာchenleနဲ့စကားမပြောအားပဲ အမြန်ပြန်ဝင်လာရခြင်းဖြစ်သည်...

ခုနက ခုံပေါ်ချထားခဲ့တဲ့စာရွက်တချို့ကိုကောက်ယူကာ အစည်းအဝေးခန်းဆီ အမြန်ပြေးရသည်...

နောက်ကျလို့မဖြစ် ....

ကိုယ်ရောက်တော့အစည်းအဝေးကစနှင့်နေပြီမို့ jaeminနောက်က ထိုင်ခုံတန်းလေးမှာတိတ်တိတ်လေးဝင်ထိုင်လိုက်ပြီး ကိုယ်တက်ပြောရမဲ့ အကြောင်းအရာတွေကိုတစ်ခေါက်ပြန်ကြည့်နေလိုက်သည်....

Companyအသီးသီးက ကိုယ်စားလှယ် တစ်ယောက်စီ ဆွေးနွေးတိုင်ပင်ကြတဲ့ပွဲမို့ jesusကဘယ်နည်းနဲ့မှမျက်နှာငယ်လို့မဖြစ်.... ဘယ်လိုပဲ ဆုံးရှုံးမှု့တွေရှိခဲ့ပါစေ အခုကိုယ်ပြန်ပြင်ဆင်ထားတဲ့အချက်အလက်အရဆို သူတို့လက်ခံနိုင်တဲ့အရည်အသွေးအပြည့်အဝရှိလောက်ပြီထင်....

အားလုံးပြန်စစ်ပြီး ခေါင်းအမော့ ကိုယ့်ကိုစွေစောင်းကြည့်နေတဲ့မျက်ဝန်းတစ်စုံနဲ့ဆုံ၏

အမ်!!

မျက်စောင်းထိုးသွားလေသလားပဲ....

နောက်ကျလို့ငြူစူသွားပြန်တာလား......?

My Ocean💦Where stories live. Discover now