3❦

853 103 23
                                    

(Zawgyi)
အပိုစကား​ပြော​လေ့မရှိတဲ့လူနှစ်​​ယောက်​သာရှိတဲ့အခန်းကထုံးစံအတိုင်းတိတ်​ဆိတ်​ငြိမ်​သက်​လျှက်

တစ်​​ယောက်​က laptopတစ်​လုံးနှင့်​အလုပ်​ရှုပ်​​နေ​သလို ​မျက်​နှာချင်းဆိုင်​​ရှေ့ခုံကတစ်​​ယောက်​ကလည်းစာရွက်​တစ်​ချို့နဲ့အလုပ်​ရှုပ်​​နေသည်

*​ဒေါက်​ ​ဒေါက်​*

"သခင်​​လေးတို့ မုန့်​လာပို့တာပါ....."

"ဝင်​ခဲ့ ....."

Jaeminက​တော့ပုံမှန်​အတိုင်းမျက်​နှာ​ကြောကခပ်​တင်းတင်း

အခန်းထဲဝင်​လာတဲ့​ကောင်​မ​လေးက jaeminကိုကြည့်​ကာ မုန့်​ပဲချ​ပေးခဲ့ရမလိုလို ပြန်​ပဲယူသွားရသလိုလိုရှိုးတို့ရှန့်​တန့်​ဖြစ်​​နေ၊

"ဒီနားကိုချလိုက်​ပါ....."

ခုံ​ပေါ်ပြန့်​ကျဲ​နေ​သောစာရွက်​တချို့အား ရှင်း​ပေးပြီး ​​မုန့်​ဗန်းတင်​ဖို့​​နေရာ​ပေးလိုက်​သည်

"​ကျေးဇူးပဲ....."

ပြုံးပြကာ ​ကျေးဇူးတင်​စကားဆို​တော့ ​​ကောင်​မ​လေးက​ခေါင်းငုံ့အရိုအ​သေပြုကာထွက်​သွားသည်

"အ​စေခံကို အ​စေခံလိုဆက်​ဆံဖို့ ခဗျားကို ကိုကိုကမသင်​​ပေးထားဘူးလား? "

"တစ်​မိုး​အောက်​ထဲမှာအသက်​တူတူရှူ​နေတဲ့လူ​တွေပဲ​လေjaeminရယ်​ ခွဲခြားဆက်​ဆံဖို့မှမလိုတာ....."

"ဟုတ်​ပါပြီ ခဗျားပဲသိ ခဗျားပဲတက်​........"

"မင်း​ကျောင်းမှာ ပြည်​သူ့နီတိတို့ ​လောကနီတိတို့အတန်း​တွေမတက်​ဘူးမှတ်​လားjaemin...."

"ဘာလဲ ကျ​နော်​အတန်း​တွေလစ်​ပါတယ်​ဆိုပြီး ကို့ကို့ကိုပြန်​တိုင်​မလို့လား.......?"

ကိုယ်​​ပြောချင်​တာကတစ်​မျိုး သူနားလည်​လိုက်​တာကတစ်​မျိုး...နားလည်​​အောင်​ထပ်​​ပြောရင်​လည်းဆရာလုပ်​တယ်​ဖြစ်​ဦးမယ်​......အဲ့​တော့..

"အင်း......"

"ဘာ......ခဗျား​....."

"ဒီ​နေ့​တော့ ဒီ​လောက်​ပဲ နက်​ဖြန်​​တွေ့မယ်​...."

My Ocean💦Where stories live. Discover now