(1)

16.3K 1K 22
                                    

နေ့တစ်နေ့ရဲ့ အကောင်းဆုံးအချိန် ညအိပ်ခါနီး။

'အားး~~'

စူးရှပြဲလန်သော အော်သံတစ်ခုဟာ နှစ်ထပ်တိုက် အပြာလေးရဲ့ အပေါ်ထပ်ဆီမှ။ ညဘက်ဖြစ်တာကြောင့် အော်သံဟာ ထင်ရှား ကျယ်လောင်လှသည်။

'မောင်လေး ... ဟဲ့.. Baekhyunne .. ဘာဖြစ်တာလဲ'

အောက်ထပ်က အမMinheeရဲ့ စိုးရိမ်သံနဲ့အတူ တဆက်တည်း ကြားရတာက လှေကားပေါ် ဒုန်းစိုင်းတက်လာသံ။

'ဘယ်သူလဲ ဘာလဲ ... '

အခန်းတံခါးကို ဆောင့်ဖွင့်ချပြီး အခန်းထဲမှာ တရစပ် တစ်ခုခုကို ရှာဖွေနေပုံရသည်။
ဝရံတာဘက်ကို ထွက်ကြည့်လိုက် ရေချိုးခန်းထဲ မသိမသာ ချောင်းလိုက်နဲ့ ဇာတ်ကားထဲက အကွက်တွေ လုပ်နေသော အမ။ လက်မှာလဲ baseball တုတ်ကြီးကို ကိုင်ထားလျက်သား။

'ဘာဖြစ်တာလဲ ပြောစမ်း .. Hyunne'

ရှာဖွေမှုအဆုံး မေးလေသည်။ သူမေးလာမှ ကုတင်ထောင့်နားက ပေါင်ချိန်စက်လေးကို လှမ်းကြည့်လိုက်ရင်း စိတ်ဓာတ်တွေ ညှိုးငယ်လာပြန်သည်။

'ဟင့်... အမ...'

'အေး ပြောစမ်း .. ငါ့မောင်ကို ဘယ်ကောင် ဘာလာကြံလို့လဲ .. ပြောစမ်း အမအပြတ်ရှင်းပေးမယ်'

မဆီမဆိုင်တွေပြောပြီး လက်သီးလက်မောင်းတွေ တန်းနေတာက တကယ်ကို လုပ်မယ့်ပုံ။

'မဟုတ်ပါဘူး .. ဘယ်သူက ကျွန်တော့်ကို လာကြံမှာလဲ .. ကြံမယ့်ကြံ ကျွန်တော်ကပဲ ကြံရမှာ ... ဟင့်.. '

'ဟမ် .. အဲ့တာဆို ခုနက ဘာလို့ နင်ကအသံကျယ်ကြီးနဲ့ အော်တာတုန်း .. '

လူကို သေချာစိုက်ကြည့်ရင်း မေးလာတာက

'မောင်လေး .. နင် နင် ဟိုကားတွေ ကြည့်နေတာလား' တဲ့။

စိတ်ညစ်ရတဲ့အထဲ ဘာတွေလာပြောနေလဲ မသိသော အမကြောင့် ခေါင်းကို လက်ချောင်းတွေနဲ့ ခပ်ကြမ်းကြမ်း ထိုးဖွပစ်လိုက်သည်။

'ဟာဗျာ .. ကြည့်စရာလား .. ကျွန်တော်က အမလို မဟုတ်ဘူးဗျ '

'အေးပါဟယ် .. နင်ကလဲ .. ထားပါ .. အဲ့ဆို ခုန ဘာဖြစ်တာတုန်းပြောပါဦး'

Heart Trainer (Z+U) [Completed]Where stories live. Discover now