(12)

6K 728 27
                                    

'ကိုယ် ... ဟို ..'

စကားတစ်ခု အစပြုပေမယ့် ရှေ့ဆက် ဘာမှ မပြောပဲ ခေါင်းငုံ့ကာ လည်ပင်းကိုသာ ပွတ်နေသော အကို Chanyeol ။ ရုတ်တရက် ဖြစ်သွားတဲ့ အခြေအနေ တစ်ခုမှာ Baekhyun လဲ ဘယ်ကစလို့ ပြောရမယ်မှန်း မသိပါ။ Jun ကို ကြည့်တော့ ဖုန်းကို ကြည့်နေတာ ပြုံးစိစိနဲ့။

'Wow .. ငါက ဓာတ်ပုံ ရိုက်တာ proပဲ ..ကြည့်စမ်း အနေအထားတွေ view တွေက အားလုံးကွက်တိ'

ပြောရင်း ဖုန်းကို သူနဲ့ အကိုရှေ့ကို လာပြတာက ခုန အကို Chanyeol နဲ့ သူ့ရဲ့ နမ်းမိတဲ့ပုံ ●~●

'Junnnnnn!'

Baekhyun အော်တော့

'ဘာလို့လဲ Baekhyun ဒီလောက် အသက်ဝင်တဲ့ဟာကို'

ပြောလဲပြော zoom ပါချဲ့ ပြနေတာကြောင့် သူနဲ့ အကိုနဲ့ရဲ့ နှုတ်ခမ်းနှစ်ခု ထိကပ်နေမှုကို ကြည်ကြည်လင်လင် ပြတ်ပြတ်သားသား မြင်နေရသည်။

'တော်တော့ Jun  ... အဲ့တာ .. အဲ့တာ .. မတော်တဆ တစ်ခုပဲကို'

အကိုမျက်နှာပူမှာ စိုး၍ Junကို အတင်းကာရော ဖြေရှင်းချက် ပေးလိုက်တော့ အကိုက သူ့ဆီ အကြည့်ရောက်လာသည်။

'ဟုတ်တယ်လေနော့ အကို Yeol'

Baekhyun အကိုဆီ မေးငေါ့လိုက်တော့ ဟုတ်တယ် .. မဟုတ်ဘူး ဘာမှ မပြောပဲ သူ့ကို ကြည့်နေရာက ချက်ချင်း အကြည့်လွှဲ သွားလေသည်။

'အေးပါ .. ထားပါတော့ .. ဒါနဲ့ အကို Chanyeol က ဒီကို လာလည်တာလား တစ်ယောက်တည်းလား'

Jun က အကို့ကို စတင် မေးလေတော့ အကို ခေါင်းငုံ့နေရာမှ ပြန်မတ်လာသည်။

'အင်း .. ဟုတ်တယ် အကိုက လာလည်တာ .. ဒါပေမယ့် တစ်ယောက်တည်းတော့ မဟုတ်ဘူး သူငယ်ချင်း တစ်ယောက်နဲ့ လာတာ'

အကို့ စကားအဆုံး Junရဲ့ မျက်လုံးတွေက မျှော်လင့်ချက်များနဲ့ ၀ိုင်းစက် သွားလေသည်။

'သူငယ်ချင်းဆိုတော့ အကို Xing လားဟင်!!'

Jun တစ်ယောက် အားတက်သရော မေးလေတော့ အကိုက Jun ကို ပြုံးကြည့်လျက်

'Xingက တရုတ်ပြန်သွားတယ် JunMyeonရဲ့ .. အခု အကိုက  ငယ်သူငယ်ချင်း တစ်ယောက်နဲ့ လာတာ'

Heart Trainer (Z+U) [Completed]Where stories live. Discover now