(2)

7.3K 767 19
                                    

ဒီနေ့နဲ့ဆို Gym ဆော့တာ တစ်ပတ်ပြည့်ပြီ။
ဟို Chanyeol ဆိုတဲ့ အစ်ကိုနဲ့လဲ တော်တော့် ခင်နေပြီပေါ့လေ ။

အစကတော့ ရုပ်တည်ကြီး မရယ်မပြုံးနဲ့ ဆိုတော့ နည်းနည်း စိမ်းနေပေမယ့် ရင်းနှီးလာတော့မှ အကိုက တော်တော် ခင်ဖို့ကောင်းကြောင်း သိလာရသည်။
အဲ့တာအပြင် အကို့မှာ ရယ်လိုက်တို်င်း နှစ်လိုဖွယ် ညီညာနေတဲ့ သွားဖွေးဖွေး တစ်စုံရှိကြောင်း ထပ်ဆောင်း သိလိုက်ရသည်။

ဦးလေး Choiကတော့ အဆင်ပြေလား Trainerနဲ့ ဆော့ရအောင် လို့ ခနခန တိုက်တွန်းပေမယ့် ကျွန်တော်ကတော့ အကို Chanyeolနဲ့ ဆော့ရတာပဲ ပိုသဘောကျသည်။ သူလဲ ကိုယ့်လို Gym လာဆော့တဲ့သူ တစ်ယောက် ဆိုပေမယ့် အကို ပြောပြတာကို ပိုယုံကြည်မိသည်။

အိမ်ကမေမေက Gymဆော့နေပြီဆိုတော့
ငါ့သားလေး ပင်ပန်းမှာပေါ့ ဆိုကာ အစားတွေ အတင်း ကျွေးတာကြောင့် တင်းခံထားရတာ အစပိုင်း ၂ရက် ၃ရက်လောက်တော့ ပင်ပန်းသည်။ ဖေဖေကတော့ ဘာမှ မပြောပဲ Baekhyun သဘောအတိုင်းသာ။ အမဖြစ်သူကတော့ ထမင်းစားပြီဆိုရင်ကို မျက်လုံး ဒေါက်ထောက် ကြည့်နေတတ်သည်။ အဲ့လိုနဲ့ Gym ဆော့လိုက် အစားအအသောက် စားချင်စိတ်တွေကို ချိုးခြံလိုက်နဲ့ အခု ဆော့တာ တစ်ပတ်အပြည့်မှာ Baekhyun ၇ပေါင် ကျလာပြီ ဖြစ်သည်။

'Hey .. Baekhyun စောတယ်နော်'

ကိုယ့်ဟာကိုယ် တွေးနေရင်း အကို ရောက်လာတာကို သတိမထားမိလိုက်။

'ဟုတ်တယ် အကို Chanyeol'

'ကိုယ့်ကို Yeolလို့ပဲ ခေါ်လို့ရပါတယ် .. အချင်းချင်း သိနေပြီပဲကို'

'အာ.. Nae အစ်ကို Yeol..ဟီး'

ကျွန်တော်သွားဖြဲပြတော့ သူလဲ သွားဖွေးဖွေးတွေပေါ်လာသည့် အထိ ပြုံးပြလေသည်။

'ဒါနဲ့ အကို ကျွန်တော် ၇ပေါင်တောင် ကျသွားပြီ သိလား'

'တကယ်... အဲ့လောက်တောင် ကျသွားပြီလား'

'ဟုတ်တယ် အကို ဟဲဟဲ'

မုန့်ရတဲ့ ကလေးတစ်ယောက်ကို ပျော်ရွှင်မြူးတူစွာ ခုန်ပေါက်မိမတက် ပြောပြမိသည်။ အကိုနဲ့ အတူ ဆော့တာကြောင့် အကို့ကိုလဲ စိတ်ထဲက ကျေးဇူးတင်မိလျက်။

Heart Trainer (Z+U) [Completed]Where stories live. Discover now