(15)

6.3K 794 56
                                    

တစ်ညလုံး လိုင်းပေါ်မှာ စာတွေပို့ဖြစ်သည်။ ဖုန်းကနေတစ်ဆင့်လဲ messageတွေ ပို့ဖြစ်ပေမယ့် ကောင်လေးဆီက ဘယ်လို တုံ့ပြန်မှုမျိုးမှ ရမလာ။ မနေနိုင်တော့စွာ ဖုန်းဆက်ကြည့်တော့ စက်ပိတ်ထားပါသည် နဲ့သာ အကြိမ်ကြိမ် အခါခါ တိုးသည်။

ဒီကိစ္စဟာ သူတမင်တကာ လုပ်တာ မဟုတ်ပဲ အထင်လွဲသွားတယ် ဆိုတာ Baekhyunကို အရမ်း ရှင်းပြချင်သည်။ ဘာကြောင့်မှန်း မသိပေမယ့် သူ ရှင်းပြမှ ရမည်။

တစ်ညလုံး ကောင်လေး ပြောသွားတဲ့ စကားတွေကို ပြန်ကြားယောင် နေမိသည်။ ပြီးတော့ နီရဲရဲ မျက်ဝန်းတွေ .. ပြန်တွေးမိတိုင်း အပြစ်ရှိတဲ့ ခံစားချက်တွေဟာ ရင်ထဲ လှိုက်လှိုက်တက်လာသည်။

အားလုံးထဲမှာ ကောင်လေးပြောခဲ့တဲ့ သူ့အပေါ် ထားတဲ့ ခံစားချက်တွေကို ရုတ်သိမ်း လိုက်တော့မယ် ဆိုတဲ့ စကားက Chanyeolကို တစ်ညလုံး အိပ်ရေးပျက်စေသည်။ ဒီလို ပုံစံမျိုး အဆုံးသတ်သွားမှာ Chanyeol လုံးဝ မလိုလားပါ။

မနက်စောစော ကျောင်းရောက်တည်းက Pharmacyဆောင်ရှေ့က ခုံလေးပေါ်မှာ Baekhyun အလာကို ထိုင်စောင့် ဖြစ်သည်။ ၉နာရီဆို သူ OTခန်းထဲ ၀င်ရမယ် ဆိုတာ သိပေမယ့် လျစ်လျူရှု ထားလိုက်သည်။ Baekhyunကို တွေ့ရမှ ဖြစ်မည်။

ထိုချိန်မှာ Baekhyunရဲ့ သူငယ်ချင်း JunMyeonကို လှမ်းတွေ့၍ ခေါ်လိုက်လေတော့ သူ့ဆီကို လျှောက်လာလေသည်။

'Baekhyun .. မလာသေးဘူးလား JunMyeon'

Junဆိုတဲ့ ကောင်လေးကို မေးမိတော့ သူ့ကို ဘောက်ဆတ်ဆတ် ပြန်ကြည့်လာသည်။

'အကို Baekhyun နဲ့ တစ်ခုခု ဖြစ်ထားလား'

JunMyeonက အေးစက်စွာ မေးလာတာကြောင့် Chanyeol မတတ်သာစွာ ခေါင်းညိမ့်ပြလိုက်သည်။

'စောင့်မနေနဲ့တော့ အကို Chanyeol .. Baekhyun ဒီနေ့ ကျောင်းမလာဘူး'

JunMyeon အဖြေစကားမှာ Chanyeol စိတ်ပူ သွားရသည်။

'နေမကောင်းလို့လား .. Baekhyunက .. သူမနေ့က မိုးမိသွားတာလား'

မနေ့က မိုးတွေ သည်းသည်း မည်းမည်း ရွာနေတာ .. ကောင်လေး မိုးရွာထဲမှာ တစ်ယောက်တည်း လျှောက်သွားလို့ မိုးမိပြီး ဖျားနေတာလား ဆိုပြီး စိတ်ပူသွားရသည်။

Heart Trainer (Z+U) [Completed]Where stories live. Discover now