'အကို'
ဆေးရုံထဲက ဆေးဝါးဌာန တစ်ခုမှာ တွေ့တော့ ကလေးက သူ့ကို နှုတ်ဆက်လာသည်။ နှစ်ယောက်ကြား ရှိတဲ့ အချိန်မှာတောင် စိတ်ကူးပေါက်မှ ကိုကိုလို့ ခေါ်ခဲသော ကလေးသည် လူကြားထဲတွင်ဆို ပိုဆိုးသည်။
ဘယ်လောက်ပဲ အသက်အရွယ်ရလာပြီ ပြောပြော ထို ၂၃နှစ်အရွယ် ကောင်လေးသည် ယခင် ၁၈နှစ်တုန်းက ပထမနှစ် ကလေးတွေအလား အရှက်သည်းတုန်းပင်။
Chanyeolကတော့ ကျောင်းပြီးတာ ၃နှစ် ကျော် ရှိပြီ ဖြစ်သည်။ အပြင်မှာ အလုပ်ဝင်ဖို့ စိတ်မပါတာကြောင့် ဘွဲ့လွန်အတွက် ပြင်ဆင်ရင်း အစိုးရ ဆေးရုံမှာသာ အလုပ်ပြန်ဝင်ဖြစ်သည်။
ကောင်လေးကို ပြန်ပြုံးပြရင်း လက်မနဲ့ လက်သန်းကို နား,နား ကပ်ပြလိုက်တော့ ကောင်လေးက သူ့ကို ခေါင်းညိမ့်ပြလာသည်။
'အဆင်ပြေရဲ့လား ကလေး'
သူတို့ နှစ်ယောက်ကြားက အခေါ်အဝေါ်တွေဟာ ဘယ်တော့မှ တသမတ်တည်းမရှိ။ သူကတော့ Baekhyunကို ကလေးလို့ ခေါ်ရတာကို ပိုသဘောကျလာသည်။ တွေးကြည့်ရင် ကိုယ်က ထိုကောင်လေးနဲ့ ၅နှစ်ကျော်ကြီး ကွာသည်ကို။
'အဆင်ကတော့ ပြေပါတယ် အကို .. ဒါပေမယ့် ပင်ပန်းတယ်'
သက်ပြင်းလေးချပြီး ပြောနေတဲ့ ကောင်လေးကို ကြည့်ရင်း Chanyeol လက်ကလေးကို အုပ်မိုးကိုင်လိုက်သည်။
'ဆေးဝါးဌာနက ဆရာတွေက ကြောက်ဖို့ ကောင်းတယ် .. စီနီယာတွေကတော့ သဘောကောင်းပါတယ်'
Baekhyun အကို့ကို တိုင်ပြောသလို ပြောလိုက်သည်။
'ဆရာဆိုတာတော့ အဲ့လိုပါပဲ ကလေးရဲ့ .. ကိုယ်တို့တွေ မမှားအောင် သေချာဆုံးမပေးကြတာလေ .. profession ဖြစ်နေတဲ့ အလုပ်ဆိုတော့ ပိုဆိုးတာပေါ့ .. ဆေးတစ်ခုခုမှားပေးရင် အရင်ဆုံး ခံရမှာက လူနာတွေလေ '
'အကို ပြောတာ မှန်ပါတယ် .. ဒါပေမယ့် စိတ်မပူပါနဲ့ .. ကိုကိုပေးတဲ့ ဆေးတွေ မမှားအောင် ကျွန်တော် couter check လုပ်ပေးမယ်လေ .. ကျွန်တော့်ကို ယုံလိုက်ပါ'🤔
ခုနက ပင်ပန်းနေသော မျက်နှာလေးက ပြန်လန်းဆန်းလာလေသည်။ ခုနက ညီးပေမယ့် အခုကျတော့လဲ သူမဟုတ်တဲ့ အတိုင်း ရယ်ပြုံးလို့။ Chanyeol ကြည့်ရင်း အသည်းယားလာတာကြောင့် စိတ်ပေါက်ပေါက်နဲ့ ပါးတစ်ဖက်ကို နစ်ဝင်သွားအောင် နမ်းပစ်လိုက်သည်။