(8)

5.9K 769 18
                                    

Chanyeol တစ်နေ့လုံး လိုင်းမသုံးမိတာကြောင့် မနက်စောစော လိုင်းပေါ်တက်လိုက်သည်။
ထုံးစံအတိုင်း Yixingရဲ့ ချောကလက်တွေနဲ့ ဂုဏ်ဆာထားတဲ့ ပုံတွေ။

Instagram ထဲဝင်ပြီး ဟိုဟာကြည့် ဒီဟာကြည့်နဲ့လုပ်နေချိန် Suggested ဆိုပြီးပေါ်လာတဲ့ အထဲ ဦးထုပ်အဝါလေးကို ငိုက်ငိုက်စောင်းထားတဲ့ ပုံလေးနဲ့ အတူ acc ပိုင်ရှင်နာမည်က @baekhyunee တဲ့။ စိတ်ထဲတွင် ဟိုကလေးလေး ပါ့လား ဆိုပြီး acc ထဲ ၀င်ကြည့်လိုက်သည်။

နောက်ဆုံးတင်ထားတဲ့ postက မနေ့က သူပေးထားတဲ့ ချောကလက်နဲ့ ပန်းပုံကလေးကိုမှ captionက အသည်းယားစရာ အသည်း emojiလေးက ဖြည့်စွက်ထားသည်။

Baekhyunမှာ အသိများတယ် ထင်တယ်။ commentက ၆၀ ကျော်လောက်ရှိသည်။
ပြီးတော့ commentတွေကလဲ အချင်းချင်း စနောက် ထားကြတာတွေကြီးပင်။

Chanyeol ကိုယ်တိုင်လဲ ရုတ်တရက် စချင်စိတ် ပေါ်လာတာကြောင့်

*wow .. wow *

ဆိုပြီး commentပေးကာ accလေးကိုပါ တစ်ခါတည်း follow လုပ်လိုက်သည်။

တင်ထားတဲ့ ပုံကလေးတွေထဲ selfie တော်တော်များသည်။ မတူတဲ့ ရှုထောင့်တွေကနေ postတွေ ပေးထားတာ ချစ်စရာ ကောင်းလွန်းတာကြောင့် acc ထဲက တော်တော်နဲ့ မထွက်မိ။
စိတ်က ဘယ်လိုလဲ မသိ။ အဲ့ကောင်လေး အနားမှာ ရှိရင်ကို လူက အလိုလို ရယ်ချင်နေတာလိုလို ပြုံးချင်တာ လိုလို။

စတွေ့တဲ့ နေ့ကတည်းက ရယ်ချင်နေတာ မှန်ရှေ့မှာ လေ့ကျင့်ခန်းကို ဟောဟဲဟောဟဲနဲ့ လုပ်လိုက် ဗိုက်ကလေးကို ကိုင်ကြည့်လိုက်နဲ့ အ၀င်ဝထဲက သတိထားမိသည်။ ပြီးတော့ တိုက်ဆိုင်စွာပဲ trainer မအားသေးတာနဲ့ သူ့ကို ခနကြည့်ခိုင်းတာက စပြီး ကောင်လေးနဲ့ ခင်တာ။ အကြောင်းသိလေ ချစ်စရာကောင်းလေ။ တွေးရင်း ပြုံးစိစိ ဖြစ်လာတဲ့ ကိုယ့်ကိုကိုယ် မနည်း ထိန်းချုပ်ထားရသည်။

ခုလဲ သူ့ IG post အောက်မှာ စထားတာများမြင်ရင် ဘယ်လို တုံ့ပြန်မှာလဲ ဆိုတာကို သိချင်စိတ်တွေ တဖွားဖွားနဲ့ မနက်ဖြန်ကိုပင် မြန်မြန် ရောက်ချင်နေလေသည်။

>>>>>>>>>>>>>>>>>>>>

Baekhyun မိုးလင်းလင်းချင်း စလုပ်မိတဲ့ အလုပ်က ခေါင်းအုံးအောက်မှာ ရှိတဲ့ ဖုန်းကိုဖွင့်ပြီး လိုင်းဖွင့်ခြင်းပင်။

Heart Trainer (Z+U) [Completed]Where stories live. Discover now