(18)

7.2K 845 85
                                    

Canteenမှာ မနက်စာ စားပြီး ထွက်လာခဲ့သည်။ ကျောင်းတက်ချိန် ရောက်ခါနီး ဖြစ်တာကြောင့် ကျောင်းထဲတွင် လူအတော် အများရောက်လာကြလေပြီ။ Baekhyun အကိုနဲ့ အတူ ယှဉ်လျှောက်နေရာ ခပ်ခွာခွာ နေလိုက်ပြီး ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။ အကိုက သူ့ကြောင့် အများအမြင်မှာ တစ်မျိုး ဖြစ်သွားမည်ကို မလိုလားပါ။

'Baekhyun'

အကိုက ခပ်ခွာခွာ လျှောက်နေတဲ့ သူ့ကို ကြည့်လာသည်။

'ဘာလို့ အဝေးကြီးမှာ လျှောက်နေတာလဲ'

Baekhyunကို ထူးဆန်းသလို မေးလာသည်။

'မလျှောက်ပါဘူး .. ကျွန်တော် .. '

Baekhyun ဖြေရမှာ ခက်ခဲနေသည်။

'ဒါဆို ကိုယ့် အနားကိုလာလေ'

အကိုက သူ့ကို လှမ်းခေါ်တာကြောင့် Baekhyun မတတ်သာပဲ သွားလိုက်ရသည်။

'သွားကြမယ် .. ကိုယ်အဆောင်ရှေ့ထိ လိုက်ပို့မယ်'

Baekhyun လက်ကို ကိုင်ကာ ပြောလာတာကြောင့် Baekhyun ရုန်းထွက်လိုက်သည်။

'အကို'

Baekhyun ရဲ့ အပြုအမူတွေကို အကိုက အံ့ဩနေစွာ ကြည့်လာသည်။

'ဘာဖြစ်လို့လဲ .. '

အကိုက သူ့ကို နားမလည်ဟန် မေးနေတာကြောင့် Baekhyun ဖြေလိုက်လေသည်။

'ကျွန်တော်နဲ့ တွဲသွားရင် အကို့ကို တမျိုးထင်ကြမှာ စိုးလို့ပါ .. အကိုကို ကျွန်တော့်ကြောင့် အထင်လွဲ မခံစေချင်ဘူး'

'ဟေး .. Baekhyun'

အကိုက သူ့ကို ခေါ်လေသည်။

'ကိုယ်က ကိုယ့်ကောင်လေးကို လက်တွဲ သွားတာကို ဘယ်သူမှ လာပြောလို့ မရဘူး .. ပြီးတော့ သူများတွေ အထင်လွဲတာ မလွဲတာလဲ ကိုယ်စိတ်မ၀င်စားဘူး'

အကိုက သူ့ကို ဖြေလာတဲ့ စကားတွေမှာ Baekhyun အံ့ဩသလို ပျော်လဲ ပျော်ရသည်။

'ကဲ .. ကိုယ့်လက်ကို အခုကိုင်လို့ ရပြီမလား'

ဒီတစ်ခါတော့ အကိုရဲ့ ကမ်းလာတဲ့လက်ကို Baekhyun တွန့်ဆုတ်ခြင်း မရှိ မြဲနေအောင် ဆုပ်ကိုင် ထားလိုက်တော့သည်။

Heart Trainer (Z+U) [Completed]Where stories live. Discover now