(9)

5.7K 759 21
                                    

'ဟာ .. ငါတို့ Pharmacy ရှုံးသွားတာ စိတ်မကောင်းဘူးကွာ'

Jun တစ်ယောက် ပါးစပ်ကသာ စိတ်မကောင်းဘူး လုပ်နေတာ သွားကြီးကဖြဲလို့။

'ကဲ .. စိတ်မကောင်းဘူး ဆိုပြီး သွားကြီးက ဖြဲနေတာ မြင်တောင် မကောင်းဘူး အမောင် JunMyeon'

Baekhyun ရွဲ့ပြောလိုက်လေသည်။

'ဟာ ငါတို့ မေဂျာအတွက် စိတ်မကောင်းပေမယ့် ဟိုမှာ မင်းမြင်တဲ့ အတိုင်းပဲလေ အကို Xing တို့ တအား ပျော်နေကြတာ'

Jun မေးငေါ့ပြရာ ကြည့်လိုက်တော့ အကိုတို့ အချင်းချင်း ဖက်ပြီး ဂုဏ်ပြုနေကြတာ ဘေးကကြည့်ရင်ကို ၀မ်းသာစရာ ကောင်းလှသည်။

ကိုယ့်မေဂျာ ရှုံးတာ စိတ်မကောင်း ဖြစ်ရပေမယ့် Crushကြီးတို့ နိုင်သွားတော့လဲ စိတ်ထဲမှာ ဟီးဟီးပေါ့ ><
မေဂျာက ဆေးဝါးသိပ္ပံ ဆိုပေမယ့် အချစ်က ဆေးကျောင်းက ဆိုတော့ 🙁

'အကို Xing တို့ နိုင်သွားပြီဆိုတော့ သူတို့ကို တစ်ခုခုဝယ်ကျွေးခိုင်းရမယ်'

'မင်းက အရေးထဲ စားချင်နေသေးတယ် .. ပွဲက ခုမှ လတ်လတ်ဆတ်ဆတ်ကြီး ရှူံးထားတာကို သူများတွေနဲ့ အောင်ပွဲ သွားခံကြည့်ပါ့လား .. Pharmacyက နှင်ထုတ်ခံရလိမ့်မယ် Junရ'

'ဟာ .. ဘာဆိုင်လို့လဲ ..'

အလိုက်ကန်းဆိုး မသိ Jun ကတော့ ထပ်ပြီး မေးနေပြန်ပါသည်

'ကဲ .. ကဲ .. ဆိုင်တယ် မဆိုင်ဘူး လုပ်မနေနဲ့ .. ငါတို့ပဲ ကျန်တော့တယ် .. ပြန်မယ် လာ.. '

အကုန်လုံး ခန်းမထဲက အသီးသီး ထွက်ခွာသွားကြတော့ သူတို့ ၂ယောက်လဲ ခန်းမထဲက ထွက်ရန် ထလိုက်ကြသည်။

'Baekhyun .. ဘယ်လိုလဲ .. '

ထထွက်မယ် ပြင်နေတဲ့ အချိန်မှာပဲ သူတို့ ခုံနားကို အကို Chanyeol ပြေးတက်လာလေသည်။

'အကိုဆော့တာ အရမ်းမိုက်တယ် '

မေးခံရတဲ့ Baekhyunက အဖြေသေးခင် Junက လက်မထောင်ကာ  အစားဝင်ဖြေလေသည်။

'ဟာ .. တကယ်လား .. Baekhyun'

ဖြေတဲ့ Junကို မမေးပဲ အကို့အကြည့်တွေက သူ့ဆီ ဦးတည်လာသည်။

Heart Trainer (Z+U) [Completed]Where stories live. Discover now