(7)

5.7K 710 13
                                    

❤Valentine's Day❤

ကျောင်းစတက်ပြီး မကြာခင်မှာပင် V day ရောက်လာလေသည်။ ကျောပိုးအိတ်ထဲမှ ချောကလက်လုံးဘူးရယ် Tango ချောကလက်တောင့် အကြီးကြီးကို ကြည့်ရင်း သက်ပြင်းချမိသည်။

ဒါတွေဟာ အမMinhee မနေ့က ကျောင်းပြန် ၀င်ဝယ်ပြီး ကိုယ်ဖိရင်ဖိ စီစဉ်ပေးလိုက်တဲ့ ချောကလက်တွေ။ ဒါတောင် ချောကလက်ကို ဖဲပြားနဲ့ စည်းမယ် လုပ်တာကြောင့် မနည်းတားလိုက်ရသေးသည်။

အကို့ကို ပေးချင်တာ မှန်ပေမယ့် သိတာမှ တစ်လလောက်ပဲ ရှိတာ ချောကလက်ပေးလို့ အငြင်းခံရရင် အရှက်ကွဲမှာ။

'ပေးတာဆိုတာထက် ကျွေးတာပဲလေ .. ဟုတ်တယ် ကျွေးတာ'

စိတ်ကို ပြန်တင်းလိုက်ရင်း အကိုရှိတဲ့ ဆေးရုံကို ဦးတည်လိုက်သည်။ Junကတော့ အစ်ကို Yixingက နားလို့ သူ့နောက်ကို လိုက်မယ်ဆိုပြီး ဒီနေ့ ကျောင်းမလာပေ။

ဆေးရုံထဲမှာလဲ V dayကို အထူးပြင်ဆင်ပေးထားတာ။ ပူဖောင်းအနီတွေ ဖဲကြိုးတွေနဲ့ လှလှပပ ပုံဖော်ပေးထားတာ ကြည့်ရသူအဖို့ စိတ်ကြည်နူးစရာ။ လူနာတွေအတွက်လဲ ရောဂါတစ်ဝက် သက်သာသွားမှာ သေချာသည်။

'Hey Baekhyun .. '

ပြင်ဆင်ထားတာတွေကြည့်ရင်း နောက်မှ ရင်းနီးတဲ့ ခေါ်သံတစ်ခုကို ကြားလိုက်ရသည်။

'Annyeonghasaeyo .. အကိုYeol'

'ဒီကို ထမင်းလာစားတာပဲလားဟင် .. Baekhyun'

'အာ .. မဟုတ်ပါဘူး ... အမ .. ဟုတ်တယ် အမက လာခဲ့ဆိုလို့ လာလိုက်တာ'

'Aww.. aww .. ဒါနဲ့ wow ချောကလက်တွေပါ့လား Baekhyun'

လက်ထဲကိုင်လာတဲ့ အိတ်ကလေးကို မြင်သွားသည်ထင် အကိုကမေးလာသည်။

'Wow ..Baekhyunက စွံတယ်ဟေ့ .. ခုမှ ကျောင်းတက်တယ် ခုချောကလက်တောင်ရနေပြီပဲ'

လူကို အထင်ကြီး မြှောက်ပင့်နေတဲ့ အကို့ကို ကြည့်ရင်း ကျွန်တော်ပါ သိတ်လေစွာ ရယ်လိုက်သည်။

'အကိုကတော့ ကျွန်တော့်ကို အထင်ကြီးလွန်းနေပြီဗျာ'

'ဟင် .. မဟုတ်လို့လား'

'မဟုတ်ပါဘူးဗျာ မနေ့ကကျွန်တော် စားချင်လို့ ဆိုပြီးဝယ်ထားတာ'
ဆိုပြီး ဖြေတော့မှ

Heart Trainer (Z+U) [Completed]Where stories live. Discover now