(5)

6K 685 8
                                    

'အကို Chanyeol !!!'

ပန်းကန်ကို ကိုင်ထားရင်း ကိုယ်တိုက်မိခဲ့တဲ့ လူကို အံ့သြမှင်သက်စွာ ကြည့်မိနေသည်မှာ ပါးစပ်ပိတ်ဖို့ပင် သတိမရ။ ရင်ထဲလဲ အမျိုးအမည်မသိ ခံစားချက်တချို့ ရောယှက်လျက် ပျော်တာရော .. အံ့ဩတာရော .. စုံလင်နေသည်။

'Baekhyun?'

အကိုကလဲ ကိုယ့်နာမည်ကို ခေါ်ရင်း ကိုယ့်ကို ပြန်ကြည့်နေသည်မှာ မျက်နှာတွင် အံ့ဩသွားတာ အထင်းသား။

'ဒီကို ဘာလို့ .. နေမကောင်းလို့လား'

စားပြီးသား ပန်းကန်ကို ကိုင်ထားတာကြီးကို  ကြည့်ပြီး စစချင်းမေးတာက နေမကောင်းလို့လားတဲ့။

'အာ .. မဟုတ်ပါဘူး .. ဒါနဲ့ အကိုက'

တကယ်တမ်း သိချင်နေတဲ့ သူ့အကြောင်းသာ အရင်မေးဖြစ်တော့သည်

'ကိုယ်က Final part II ဆိုတော့ ဆေးရုံကိုလာရတာလေ .. အဲ့တာကြောင့် Gymကို မလာဖြစ်တာ '

'Aww'

'ဒါနဲ့ ကိုယ် အဲ့နေ့က Baekhyunကို မလာဖြစ်ဘူး ဆိုတာ ပြောဖို့မေ့သွားတာ .. ကိုယ်တောင်းပန်ပါတယ်'

ကျွန်တော်ကို တွေ့တွေ့ချင်း အားနာစကား အရင်ပြောတော့ စိတ်ထဲတော့ အနည်းငယ် ပျော်သွားရသည်။ ကိုယ်က သူ့အကြောင်း တွေးမိသလို သူကလဲ ကိုယ့်အကြောင်း တွေးနေပါလား ဆိုပြီး ရင်ထဲလဲ ပျော်သွားရသည်။

'အာ မဟုတ်တာ ကျွန်တော်လဲ အဲ့နေ့က Gym မသွားဖြစ်ဘူး .. မသွားတာ ၃ရက်လောက်တောင် ရှိနေပြီ '

ကျွန်တော်ပြုံးပြလိုက်တော့ အကိုက  ပါးချိုင့်ကလေး ပေါ်အောင် ပြုံးပြသည်။

'ဆက်မဆော့ပဲ ရပ်လိုက်ရင် ၀တုတ်ကြီး ဖြစ်လာမှာနော်'

အကိုက သူ့ကို စလေသည်။

'ဟီး ဟီး ပျင်းနေလို့ပါ😹'

'ဘာလဲ .. ကိုယ်မရှိလို့လား'

အကိုကတော့ ဘယ်လို သဘောကြောင့် မေးလဲ ဆိုတာ မသိပေမယ့် သူ့မေးခွန်းအဆုံး Baekhyun ရင်ထဲ ဆောင့်ခုန်သွားသည်။

*တကယ်လဲ အကိုမရှိလို့ သူ မသွားချင်ခဲ့တာက အမှန်ပဲလေ*

'မဟုတ်ပါဘူးဗျာ .. ကျောင်းတက်ဖို့ ပြင်ဆင်နေရတာကြောင့် မအားလို့ပါ'

Heart Trainer (Z+U) [Completed]Where stories live. Discover now