(11)

6K 762 24
                                    

အကိုနဲ့ အရင်ကလို ပုံမှန်အတိုင်း ဖြစ်လာပြီ ဖြစ်သည်။ အကိုကလဲ အဲ့နေ့က အကြောင်း အစမဖော်သလို သူကလဲ တတ်သလောက် ခံစားချက်တွေကို ဖုံးဖိရင်း မသိချင်ယောင်သာ ဆောင်နေလိုက်သည်။ ဒါပေမယ့် Baekhyun အရင်လိုတော့ Gym မသွားရဲသေးပါ။ အကိုနဲ့ အနီးကပ် မနေရဲသေးတာလဲ ပါမည်။

'Baekhyun .. မင်းကြားမိလား .. 1st sem ပြီးရင် trip ထွက်ရမယ်တဲ့ကွ .. ပိုကောင်းတဲ့ သတင်းက medical family တစ်ခုလုံးတဲ့'

'ဒါဆို အကိုတို့ရော ပါတာပေါ့ ဟုတ်လား'

Jun ရဲ့စကားကို ကြားတော့ ပျော်ရွှင်သွားရသည်။

'ဒါပေါ့ကွ .. ဒါပေမယ့် လိုက်ချင်တဲ့သူလိုက်လို့ လိုက်လို့ရတယ်တဲ့ .. မလိုက်ချင်လဲ
.. မဖြစ်မနေ သွားရမှာ မဟုတ်တော့ အကို Xing တို့က လိုက်မယ် မလိုက်ဖူး မသေချာဘူးကွ'

'Aww'

ထပ်ပြောလာတဲ့ Jun စကားကြောင့် ပျော်ရွှင်နေတဲ့ စိတ်တွေ တဖန်ပြန် မှေးမှိန်သွားရသည်။ အကိုက အဲ့လိုတွေ သွားရတာ မကြိုက်ဘူး ဆိုရင်ရော ဆိုတဲ့ အတွေးကြီးနဲ့ စိတ်ညစ်သွားရသည်။

'မင်းရောလိုက်မှာလား Baekhyun'

Jun ကမေးလေသည်။

'ငါလဲ စိတ်ပြေလက်ပျောက် ခရီးထွက်ချင်နေတာ..'

'ဟာ .. အဲ့တာဆို ပြီးရောပေါ့'

Jun က ၀မ်းသာအားရ ပြောလေသည်။

'ဒါပေမယ့် ငါခရီးထွက်ချင်တယ် ဆိုတာ အများနဲ့ မဟုတ်ဘူး ... ငါလဲ အခုတလော စိတ်ရှုပ်နေတာ ဆိုတော့ လူအများကြီးနဲ့ မသွားချင်ဘူး ..'

'ဟာ .. အဲ့ဆို မလိုက်ဘူး ဆိုတဲ့ သဘောလား Baekhyun'

'အေး မလိုက်ချင်ဘူး .. ငါ solo ပဲ သွားဖြစ်မှာ'

Baekhyun ဖြေလိုက်တော့ Jun အသံတိတ်သွားလေသည်။

'ငါ အထက်တန်းပြီးထဲက မေမေ့ကို ပြောထားတာ .. တက္ကသိုလ် 1st ပြီးရင် Singapore ဘက်ကို သွားချင်ပါတယ်ဆိုပြီး'

'Aww မင်းက ငါ့ကိုတောင် မပြောဘူးပေါ့'

Jun ကတကယ် စိတ်ဆိုးနေပုံရသည်။

'Jun ရာ စိတ်မဆိုးပါနဲ့ကွာ .. မင်းလိုက်ရင် ငါပိုပျော်တာပေါ့ အဖော်လဲ ရတယ်လေကွာ '

Heart Trainer (Z+U) [Completed]Where stories live. Discover now