အခန်း( ၆၂) အဖြစ်အပျက်ပြောင်းလဲသွားခြင်း

1K 145 0
                                    

နီယန်​ရဲ့မျက်​လုံး​တွေက မီးနဂါးကိုမြင်​လိုက်​တဲ့အခါမှာ ​တောက်​ပသွားတယ်​။
ပြီး​တော့ ​ရေခဲ​မြွေ​ဟောက်​သူ့ကို ဘာလို့
မသတ်​တာလဲဆိုတာကို သူခန့်​မှန်းလို့ရသွားတယ်​။

သူ့ခန်းမှန်းမိတာ​က​တော့ သူ့ကိုယ်​​ပေါ်က
မီးနဂါးအ​ငွေ့အသက်​​တွေ​ကြောင့်​ပါ။

အမှန်​အတိုင်း​ပြောရရင်​ သူ့ရဲ့တိရိစ္ဆာန်​အရိုး
လေးက မီးနဂါးတစ်​​ကောင်​ကလာတာပါ။

သူ အဲဒါကိုအစိမ်း​ရောင်​ပုံရိပ်​​ယောင်
ဒိုင်​မင်းရှင်းထဲကို မယူခဲ့​ပေမယ့်​ သူ
နဂါးအရိုး​ထဲက ထူးဆန်းတာ​တွေကို
လေ့လာဖို့သူ့ရဲ့စိတ်​စွမ်းအားနဲ့ ခဏခဏ
စမ်းသပ်​ခဲ့ပါတယ်​။ဒါ့အပြင်​ သူ့ရဲ့စိတ်​ဝိဥာဉ်
ကအရိုးထဲမှာ ရှိ​နေတဲ့ ​သွေးစက်​​လေးထဲက
နေတဆင့်​ အမည်​မသိမီးကမ္ဘာကြီးကို ခဏ
ခဏသွားခဲ့ပါတယ်​။

သူ​က​နောက်​ထပ်​ထူးခြားတာများသိရမလား
ဆိုပြီး ​နေ့တိုင်း ကြိုးစားပြီး​လေ့လာပါတယ်​။
ဒါ​ကြောင့်​ သူက မီးနဂါးရဲ့ aura ​တွေကို
စုပ်​ယူထားသလိုဖြစ်​​နေပါတယ်​။

နီယန်​က သူ့ရဲစိတ်​စွမ်းအားအစွမ်းထက်​လာရ
တာက နဂါးအရိုးကို သက်​​သေပြဖို့အတွက်
အဲဒီထူးခြားတဲ့ မီးကမ္ဘာကြီးထဲကို သူ့ရဲ့
စိတ်​ဝိဥာဉ်​လွှတ်​လိုက်​တဲ့အတွက်​​ကြောင့်​လို့
တွေးမိပါတယ်​။

လွန်​ခဲ့တဲ့ရက်​​ပေါင်းများစွာက တ​စ္ဆေအုပ်​စုနဲ့
သွေးအုပ်​စုကလူ​တွေ သူ့ဆီကို လူလွှတ်​ပြီး
သတ်​ခိုင်းမှာ စိုးရိမ်​တဲ့အတွက်​ သူ့
ပတ်​ဝန်းကျင်​ကို
စိတ်​စွမ်းအားနဲ့အမြဲတမ်းစစ်​​ဆေး​နေပါတယ်​။

အဲဒါ​ကြောင့်​ ​ရေခဲ​မြွေ​ဟောက်​က သူ့ရဲ့
စိတ်​စွမ်းအားက​နေ တဆင့်​ ​မီးနဂါးရဲ့aura
ကို အာရုံခံမိတဲ့ပုံ ​ပေါ်ပါတယ်​။

ရေခဲ​မြွေ​ဟောက်​ရဲ့​ရည်​ရွယ်​ချက်​ကို
အကြမ်းဖျင်းသိတဲ့အခါ နီယန်​က လခြမ်း​ကွေး
ပုံစံ ​ရေတွင်းထဲက​နေ ထွက်​လာတယ်​။
ပြီး​တော့ ​ကျောက်​တုံးနန်း​တော်​ရဲ့အလယ်​ကို
လျှောက်​သွားလိုက်​တယ်​။

 LORD OF ALL REALMS (လောကအားလုံးရဲ့သခင်)Où les histoires vivent. Découvrez maintenant