အခန်း (၁၀၂) အဆိုးဆုံးကံကြမ္မာ

1K 133 0
                                    



သွေးလရဲ့​အောက်​က ​သွေးအရိပ်​က တ​ဖြေး​ဖြေးနဲ့ ​တောင်​တစ်​​တောင်​ရဲ့အရွယ်​​လောက်
ကြီးမားလာတယ်​။

ကြီးမားတဲ့​သွေးအရိပ်​ကြီးက အလွန်​​ကြောက်
စရာ​ကောင်းတဲ့ ချီနဲ့​သွေးစွမ်းအင်​​တွေကို
ထုတ်​လွှတ်​​ပေး​နေပါတယ်​။အဲဒီအရိပ်​ကြီး
ကြောင့်​ ​တောင်​ကြားထဲမှာရှိ​နေတဲ့ ဧည့်​သည်
တွေအားလုံး ​သွေး​တွေ ရပ်​တန့်​သွားသလို
ခံစားလိုက်​​ရ​ပါတယ်​။

HISS! HISS.!

သွေး​ရောင်​​ပြောင်း​နေတဲ့ လ​ရောင်​​တွေကို
သွေးလရဲ့ပတ်​လည်​မှာ ​ရှည်​လျားတဲ့​သွေး​မြစ်
တွေလိုမျိုး မြင်​​နေရပါတယ်​။

သူတို့က​မြေပြင်​နဲ့နီးလာတဲ့အခါမှာ အကုန်​လုံး ​သွေး​ရောင်​ဥက္ကာခဲ​တွေလိုမျိုး​ပြောင်းလဲသွားပြီး ​မြေပြင်​ကိုရိုက်ခ​တ်​​နေပါတယ်​။

တောက်​ပ​နေတဲ့ ​သွေး​ရောင်​ကြာရွက်​​ပေါ်မှာ
ထိုင်​​နေတဲ့ အမျိုးသမီးက လက်​နှစ်​ဖက်​ကို
စုပြီး လျှို့ဝှက်​နည်းစနစ်​​တွေကို အသုံးပြု​နေ
ပါတယ်​။အဲဒီအခါမှာ ကြီးမားတဲ့​သွေးအရိပ်
ဆီက​နေရုတ်​တရက်​အလွန်​ကျယ်​​လောင်​တဲ့
အော်​ဟစ်​သံကြီး ထွက်​​ပေါ်လာတယ်​။

အဲဒီ​အော်​သံကြီးထွက်​​ပေါ်လာတာနဲ့ ​သွေး
ရောင်​ဥက္ကာခဲ​တွေရဲ့ရိုက်​ခတ်​မှုက ပိုပိုပြီး
ပြင်းထန်​လာတယ်​။

ဗုန်း..!.ဗုန်း.!

အနီ​ရင့်​​ရောင်​ ဥက္ကာခဲ​တွေက စိတ်​ဝိဥာဉ်​ရတနာအုပ်​စုရဲ့ ​ကောင်းကင်​​လောင်​ကျွမ်းခြင်း
ကမ္ဘာမီး ဝင်္ကဘာကို ဆက်​တိုက်​ ရိုက်​ခတ်​​​နေပါတယ်​။

မ​ရေမတွက်​နိုင်​ပြီးသိပ်​သည်းတဲ့ မီးပုံစံ​တွေက
နီရဲ​တောက်​ပ​နေတဲ့ မီးအကာအကွယ်​​ပေါ်မှာ
ပေါ်လာတယ်​။သူတို့က ​ပေါက်​ကွဲပြီး အစိတ်
စိတ်​အမွှာမွှာ ကွဲ​ကြေသွားတယ်​။ဒါ​ပေမယ့်
ချက်​ချင်းပဲအသစ်​ပြန်​ဖွဲ့စည်းသွားတယ်​။

တစ်​ချိန်​တည်းမှာပဲ..ပိုပြီးပြင်းထန်​တဲ့ လှုပ်​ခါမှု​တွေ ကမ္ဘာ့ဝင်​ရိုးက​နေ ထွက်​​ပေါ်လာတယ်​။
တောင်​ကြား​တွေရဲ့​ထောင့်​ ၃ ​ထောင့်​မှာရှိ​နေ
တဲ့ ​​ကျောက်​​တောင်​ ၃ ​တောင်​က​နေ မီး​တောက်​မီးလျှံတန်း​တွေက ​ကောင်းကင်​​ပေါ်ကို
ထိုးတက်​​နေကြတယ်​။

 LORD OF ALL REALMS (လောကအားလုံးရဲ့သခင်)Where stories live. Discover now