7 호

6.6K 832 13
                                    

ည​နေဘက်​..

Yoongiအလုပ်​ကပြန်​လာတာနည်းနည်း​နောက်​ကျသည်​..ဒီ​နေ့ကျမှလက်​စသတ်​စရာ​တွေကများ​နေသည်​..

အိမ်​ပြန်​​ရောက်​​တော့ညဆယ်​နာရီထိုး​နေပြီ..
အရမ်း​နောက်​ကျ​နေ​ပေမဲ့သူ့ကိုဆူမည့်​လူလည်းမရှိဘူးမဟုတ်​လား..

ပုံမှန်​ဆိုJimin​လေးကသူ့အခန်းထဲမှာသူgame​ဆော့တာပဲဖြစ်​ဖြစ်​Taehyungတို့နဲ့video call​ခေါ်​နေတာဖြစ်​ဖြစ်​သူ့ဟာသူကြိုက်​တာလုပ်​​နေကျ..
တစ်​ခါတစ်​​လေဆိုပင်​ပန်းလို့အိပ်​​တောင်​​ပျော်​​နေတတ်​​သေးတာ..

သူအလုပ်​ကပြန်​​ရောက်​မှသူ့က​လေးအခန်းထဲ​ပြေး​ပြေး​ချောင်းရတာအ​မော..သူ​စောင့်​မ​နေ​ပေမယ့်​သူက​တော့​ပြေး​ပြေးကြည့်​ရတာ..သူ့က​လေးကသူ့အတွက်
အ​မော​ပြေ​ဆေး​လေးပဲဟာ..

ဒီ​နေ့​တော့ထူးထူးဆန်းဆန်းဧည့်​ခန်းထဲမှာကျကျနနထိုင်​ပြီးTVကြည့်​​နေတဲ့Jimin​လေး..

သူ့အခန်းထဲမှာလည်းTVရှိရဲ့သားနဲ့စတန့်​ထွင်​ပြန်​ပြီ..

"က​လေး..ဘာလုပ်​​နေတာလဲဒီမှာ..''

"TVကြည့်​​နေတာ​လေ..မမြင်​ဘူးလား..''

Yoongiရီမိသည်​..တစ်​ခါတစ်​​လေကျ​တော့လည်းသူ့က​လေးကလူ့ဂွစာ​လေး..

Jimin​ဘေးကဆိုဖာမှာYoongiသွားထိုင်​လိုက်​သည်​..

"ကိုယ့်​အခန်းထဲမှာလည်းTVရှိရဲ့သားနဲ့..ဘာလို့ဒီမှာလာကြည့်​​နေတာလဲလို့...ဟင်​..''

သူ့က​လေး​ပေါက်​စရဲ့ဆံပင်​​ပျော့​ပျော့​လေး​တွေကိုပွတ်​သပ်​ရင်းသူ​မေးလိုက်​သည်​..

"အာ့ဆိုကျွန်​​တော်​ကဒီ​အောက်​ထပ်​မှာ
TVကြည့်​ခွင့်​မရှိဘူး​ပေါ့..''

"အာ..ကိုယ်​ကအဲ့သ​ဘောနဲ့​ပြောတာမဟုတ်​ပါဘူး..ထူးဆန်း​နေလို့ပါ..''

Jimin TVကိုပိတ်​လိုက်​ပြီးYoongiဘက်​ကိုလှည့်​လာသည်​..

"Min Yoongi..''

"ဘာ​ပြောချင်​လို့လဲMin Jimin​လေး..''

"ဒီလိုပါ..​ပြောစရာက​တော့​လေ..​ကျောင်းကိစ္စ..''

The Bride of the Beast || Yoonmin ✔️Onde histórias criam vida. Descubra agora