14 호

6.6K 849 76
                                    

နောက်​တစ်​​နေ့မနက်​..Yoongiထူးထူးဆန်းဆန်း​စော​စောနိုးလာသည်​..ပုံမှန်​ဆိုalarmမမြည်​မချင်းထ​လေ့ရှိသည်​မဟုတ်​..

သူနာရီကြည့်​​တော့​ခြောက်​နာရီခွဲ..အင်း..အရမ်း​တော့မ​စောလွန်း​ပေ..

သူအိပ်​ရာက​နေထဖို့ပြင်​လိုက်​တဲ့အချိန်​ရင်​ဘတ်​ထဲကိုလူးလွန့်​တိုးလာတဲ့​ခေါင်း​လေး..

သူ့က​လေးအိပ်​​ပျော်​​နေတာပဲ..သူ​မေ့​နေတာပါလား..

Yoongiပြုံးလိုက်​မိသည်​..အိပ်​​ပျော်​​နေ​သောသူ့က​လေးငယ်​သည်​အလွန်​ချစ်​စရာ​ကောင်းလွန်း​နေသည်​..

ပါး​ဖောင်း​ဖောင်း​လေးနှစ်​ဖက်​ကသူ့မြတ်​နိုးရာ..မျက်​​တောင်​ရှည်​​လေး​တွေကိုလည်းသူချစ်​သည်​..

အဓိက​နေရာက က​လေးငယ်​ရဲ့နှင်းဆီနှုတ်​ခမ်းထူထူတစ်​စုံ..Yoongiစိတ်​ထိန်းနိုင်​​တော့မည်​မထင်​၍က​လေးငယ်​ဆီက​နေအကြည့်​လွှဲလိုက်​သည်​..

သူ့က​လေးငယ်​ကိုသူကပန်းက​လေးတစ်​ပွင့်​ပမာချစ်​သည်​..တယုတယနှင့်​မြတ်​မြတ်​နိုးနိုးကိုချစ်​သည်​..

က​လေးငယ်​က​တော့သူ့ကိုမချစ်​..မချစ်​မှန်းသိရက်​နဲ့ကိုYoongiက​လေးငယ်​ကိုရ​အောင်​လက်​ထပ်​ခဲ့သည်​..

သူက​လေးငယ်​ကိုလက်​မလွှတ်​နိုင်​ခဲ့ဘူး​လေ..

သူ့က​လေးငယ်​နိုးမှာစိုး၍အိပ်​ရာ​ပေါ်က​နေYoongi​ဖြေးညင်းစွာထလိုက်​သည်​..ထို့​နောက်​က​လေးငယ်​ကို​စောင်​​လေးပြန်​ခြုံ​ပေးပြီးသူလည်းမျက်​နှာသစ်​အဝတ်​အစားလဲဖို့သူ့အခန်းဘက်​ပြန်​ထွက်​လာခဲ့သည်​..

နာရီဝက်​​လောက်​ကြာ​တော့သူအကုန်​ပြီးစီးသွားသည်​..ရုံးကိုသူ့က​လေးငယ်​​နေ​ကောင်းမှပြန်​လာတက်​မည်​ဟုအ​ကြောင်းကြားပြီးသားဖြစ်​၍Yoongi​နောက်​ဆံတင်းစရာမရှိ..

Jiminအခန်းထဲပြန်​ဝင်​လာ​တော့သူ့က​လေးကခုတင်​​ပေါ်မှာငုတ်​တုတ်​​လေး..

မျက်​လုံး​လေးကိုပွတ်​ကာအိပ်​ချင်​မူးတူးဖြစ်​​နေ​သောက​လေးငယ်​ရဲ့ပုံစံ​လေးကသူ့ကိုအသည်းယား​စေသည်​..

The Bride of the Beast || Yoonmin ✔️Where stories live. Discover now