21 호

5.8K 611 44
                                    

Next Day...

Jiminအိပ်ရာနိုးလာတော့ခေါင်းတွေအုံနေသည်..

ညကသောက်တာများသွားသည်မဟုတ်လား..

ဘေးမှာကြည့်တော့Yoongi hyungကလည်းမရှိ..ဒီနေ့သူအလုပ်သွားရဦးမှာပဲ..

ငုတ်တုတ်ထထိုင်လိုက်တော့ခေါင်းကတော်တော်ကိုက်နေသည်..ခဏနေတော့သူ့အခန်းတံခါးပွင့်လာပြီးဗန်းတစ်ခုနှင့်Yoongi၀င်လာသည်..

"Jiminieနိုးပြီလား.."

ဗန်းကိုJiminဘေးကစားပွဲပေါ်မှာချပြီးJiminနဖူးလေးကိုYoongiဖွဖွလေးနမ်းလိုက်သည်..

"ခေါင်းကိုက်တယ်Hyung.."

ပြောနေရင်းနဲ့နှုတ်ခမ်းလေးဆူပြီးYoongiကိုဖက်လိုက်တဲ့ပေါက်စ..

"မနေ့ကအများကြီးသောက်တာကိုး..hyung lime juiceယူလာတယ်..သောက်လိုက်နော်..အဲ့တာဆိုနည်းနည်းသက်သာသွားလိမ့်မယ်..မနက်စာစားပြီးမှaspirin သောက်လိုက်ရင်ကောင်းသွားရော"

ကုတင်ပေါ်တက်ကာJiminကိုသူ့ရင်ခွင်ထဲထည့်ပြီးဖက်ထားပေးနေတဲ့Yoongi..

"တကယ်Hyungပဲရှိတယ်ဟီးဟီး..ဘာလို့ကျွန်တော့်ကိုအများကြီးအများကြီးချစ်တာလဲ"

"Jiminieကချစ်စရာကောင်းလို့ပေါ့"

သူ့ခေါင်းလုံးလုံးလေးကိုဖွဖွနမ်းရင်းပြောလာတဲ့Yoongi..

"အာ့ဆိုအသက်တွေကြီးလာလို့ချစ်ဖို့မကောင်းတော့ရင်ဘယ်လိုလုပ်မလဲ..မချစ်တော့ဘူးလားhyungက"

"Jiminieကအသက်တွေကြီးသွားလည်းကိုယ့်ကလေးလေးဖြစ်နေဦးမှာပဲဟာ..ဘာလို့မချစ်ရမှာလဲ"

"ချစ်တယ်hyung"

မျက်လုံးတွေပျောက်တဲ့အထိရီရင်းYoongiပါးကိုဖွဖွလေးလှမ်းနမ်းတဲ့Jimin..

"Hyungကပိုချစ်တယ်..သွား..ပြင်ဆင်တော့လေ..အလုပ်မသွားဘူးလား..hyungလိုက်ပို့မယ်"

"အင်းပါ"

နောက်၁နာရီလောက်နေတော့သူတို့မနက်စာစားပြီးYoongiကJiminကိုဆေးတိုက်ပြီးအလုပ်ခေါ်သွားသည်..

"ခေါင်းကိုက်သက်သာရဲ့လားကလေး"

"အင်းနည်းနည်းသက်သာတယ်အဆိုးကြီးတော့မဟုတ်တော့ဘူး.."

The Bride of the Beast || Yoonmin ✔️Where stories live. Discover now