19 호

6K 729 50
                                    

အချိန်၂လတောင်ကြာခဲ့ပြီးနောက်Jiminလည်းအလုပ်ခွင်ဝင်နေပြီဖြစ်သည်..

သူကိုယ်တိုင်စိတ်ကြိုက်ရွေးထားတဲ့နေရာလေးမှာJewelry designဆိုင်လေးသူဖွင့်ဖြစ်သည်..

Yoongiကိုယ်တိုင်သူလိုချင်တဲ့နေရာကိုဝယ်ပေးထားတာမို့သူမကျေနပ်စရာအကြောင်းမရှိ..

ပြီးတော့Min interpriseရဲ့သူကပြောရရင်CEOယောက်ျားလေ..အရှိန်နဲ့အ၀ာနှင့်ဖြစ်သောကြောင့်သူ့ဆိုင်လေးကနာမည်ရသည်ဟုပြောနိုင်သည်..

တချို့ကတော်တွေကသူ့Designတွေကိုဆိုင်မှာလာကြည့်ပြီးအပ်ရင်အပ်မအပ်ရင်သီးသန့်သူပြန်ဆွဲပေးသည်..

သူကြိုက်တဲ့အလုပ်မှာသူလုပ်နေတာကိုသူတော်တော်ပျော်နေမိသည်..

ပျော်နေသည်ဟုပြောရာတွင်အကြောင်းပြချက်တစ်ခုကလည်းပါသေး..

သူMin Yoongiဆိုသောလူသားကိုချစ်နေမိပြီလို့သူ့ကိုယ်သူထင်သည်..အစပိုင်းတွင်အများကြီးမုန်းခဲ့သည်ဟုထင်သော်လည်းနောက်ပိုင်းသူ့အပြုအမူတွေကြောင့်စိတ်တော်တော်ယိုင်လာခဲ့သည်..

"သူဌေးလေး..အိမ်ကလာကြိုတဲ့ကားရောက်နေပါပြီ.."

ဆိုင်က၀န်ထမ်းကောင်မလေးလာပြော၍သူအခုမှသတိထားမိသည်..

"ညနေတောင်စောင်းပြီလား.."

"ဟုတ်သူဌေးလေး"

"Jimin..ပြန်မယ်လေ.."

အသံလာရာကိုကြည့်လိုက်မိတော့သူပိုင်ဆိုင်ထားသောလူသားMin Yoongi..

"လာတောင်ကြိုပြီလား..ဒီနေ့အလုပ်စောပြီးတာလား"

"စောဆင်းလာတာ..ကလေးနဲ့ညစာစားမယ်လေ..လာ.."

သူ့လက်ကိုလှမ်းဆွဲလိုက်တဲ့Yoongiကိုမငြင်းမိ..မရုန်းမိ..

ပြောရရင်ဒီ၂လအတွင်းMin Yoongiလည်းတော်တော်ရဲလာသည်..

"အင်းဘယ်ဆိုင်မှာစားမလဲ.."

"ကိုယ်reserveလုပ်ထားတယ်စိတ်မပူနဲ့.."

Yoongiပြောတာကိုနားထောင်ပြီးJiminကားထဲဝင်ထိုင်လိုက်သည်..

"ဘယ်ကိုသွားမှာလဲYoongi"

"ရောက်ရင်သိမှာပေါ့ကလေးရဲ့.."

Min Yoongiရဲ့အကျင့်တစ်ခုကတစ်ခုခုsurpriseဖြစ်ဖြစ်လုပ်ထားတာမျိုးရှိမှသာနေရာမပြောတတ်တာ..ဘာကြံစည်ထားလဲမသိ..

The Bride of the Beast || Yoonmin ✔️Hikayelerin yaşadığı yer. Şimdi keşfedin