15 호

6.7K 818 72
                                    

အခုဆိုရင်​Jimin​နေ​ကောင်းတာတစ်​ပါတ်​ခန့့်​ရှိပြီဖြစ်​သည်​..

Yoongiကလည်းရုံးပျက်​ထား၍ရှိသမျှအလုပ်​အကုန်​သိမ်းကျုံးလုပ်​​နေရ၍သူ့က​လေးကိုသိပ်​ဂရုမစိုက်​နိုင်​..

မိုးလင်းက​နေမိုးချုပ်​Yoongiနှင့်​Jiminတစ်​​ယောက်​နှင့်​တစ်​​ယောက်​မ​တွေ့သည်​မှာတစ်​ပါတ်​ခန့်​ရှိ​နေပြီဖြစ်​သည်​..

Jiminအစက​ပျော်​သ​ယောင်​ခံစားရ​သော်​လည်း​နောက်​ပိုင်းတွင်​Yoongiကိုပြန်​​တွေ့ချင်​လာသည်​..

တနင်္ဂ​နွေ​နေ့ည..Jiminမိုးချုပ်​​အောင်​ရုပ်​ရှင်​ကြည့်​​နေခဲ့သည်​..

သူတို့အိမ်​ထဲတွင်​Jiminအတွက်​သီးသန့်​mini theatre​လေးလုပ်​​ပေးထားသည်​မဟုတ်​လား..

သူ့အိပ်​ခန်းသို့ပြန်​ရန်​​လျှောက်​လာချိန်​စာကြည့်​ခန်းမီးလင်း​နေသည်​ကိုသူ​တွေ့လိုက်​ရသည်​..

"Yoongiအလုပ်​လုပ်​​နေတုန်းလား?ညတစ်​နာရီရှိ​နေပြီကို..''

သူစာကြည့်​ခန်းကိုတံခါး​ခေါက်​လိုက်​သည်​..

"ဝင်​ခဲ့ပါ..''

အသံ​ဖျော့​ဖျော့တစ်​ခုအခန်းထဲကထွက်​လာသည်​..

ပင်​ပန်း​နေရှာမှာပဲ..

Jiminဝင်​သွား​တော့စားပွဲ​ပေါ်မှာစာရွက်​​ပေါင်း​သောင်း​ခြောက်​​ထောင်​နှင့်​အလုပ်​ပင်​လယ်​​ဝေ​နေတဲ့Yoongi..

သူ့ကို​မော့​တောင်​မကြည့်​နိုင်​ရှာဘူး..

"​အော်​..က​လေး..​ပြော​လေ..ဘာကိစ္စလဲ..''

"ဒီတိုင်းဝင်​လာတာ..ခင်​ဗျားမအိပ်​ဘူးလား..''

"ကိုယ်​အလုပ်​​တွေပြီးမှအိပ်​​တော့မယ်​..စစ်​စရာ​တွေအရမ်း​များ​နေ​တော့..''

"ကျွန်​​တော်​..ဘာကူ​ပေးရဦးမလဲ..''

"ရပါတယ်​က​လေးရယ်​..မနက်​ဖြန်​​ကျောင်းရှိတယ်​မလား..သွားအိပ်​​တော့​လေ..''

Yoongiစကားကိုနားမ​ထောင်​ဘဲJiminသူ့​ဘေးမှာဝင်​ထိုင်​လိုက်​သည်​..

"ခင်​ဗျား..ဘာလို့အဲ့​လောက်​အလုပ်​ရှုပ်​​နေတာလဲအခုတစ်​​လော..''

The Bride of the Beast || Yoonmin ✔️Where stories live. Discover now