22 호

5.3K 610 19
                                    

Jiminသတိမထားခင်မှာပင်ပါးပြင်နုနုပေါ်တွင်မျက်ရည်စက်တို့နေရာယူသည်..

"အတွင်းရေးမှူးအို..ကျွန်တော့်ကိုမနောက်နဲ့ဗျာ..ဒါနောက်စရာမှမဟုတ်တာ..hyungကဘာလို့ထွက်သွားရမှာလဲ"

"ကျွန်တော့်ကိုဒီစာပေးခဲ့တယ်..တစ်ချက်ဖတ်ကြည့်လိုက်ပါလား..ပြီးမှကျွန်တော့ကိုပြောခိုင်းခဲ့တာတွေပြောပြမယ်"

အတွင်းရေးမှူးအိုလက်ထဲကစာကိုဆွဲလုပြီးJiminမြန်မြန်ဖတ်ဖို့လုပ်လိုက်သည်..

စာအိတ်အစမှာTo JiminဆိုပြီးYoongiရေးနေကျcursive..

Jiminစာအိတ်ကိုဖောက်ပြီးအထဲကစာကိုဖတ်လိုက်သည်..

"Jiminie..

အခုဒီစာကိုဖတ်နေပြီဆိုရင်ကိုယ်ကJiminieနဲ့ဝေးရာမှာရောက်နေလောက်ပြီထင်တယ်..

အတွင်းရေးမှူးအိုကိုလည်းကိုယ်ဘယ်မှာရှိလဲမေးမနေပါနဲ့တော့ဘယ်သူ့ကိုမှကိုယ်မပြောပြခဲ့တာမို့..

ကိုယ်စိတ်လျှော့ဖို့ဆုံးဖြတ်လိုက်ပြီJimin..မင်းမချစ်တဲ့လူနဲ့တစ်သက်လုံးကိုမင်းဘယ်လိုဖြတ်သန်းချင်ပါ့မလဲ..

ဒီနေ့Jae Minနဲ့မင်းကိုတွေ့ခဲ့တယ်..မင်းကိုယ့်ကိုချစ်တယ်ဆိုပြီးဟန်ဆောင်ရတာဘယ်လောက်ပင်ပန်းလိမ့်မလဲ..

ဟန်မဆောင်ပါနဲ့တော့ကလေးငယ်..လွတ်လွတ်လပ်လပ်နေရစ်ခဲ့ပါ..

ကိုယ်ကလည်းမင်းနဲ့ပတ်သက်လာရင်ဘာမဆိုအလျှော့ပေးမှာမို့..

အစကကိုယ်ထင်တာမင်းကိုယူလိုက်ရင်မင်းအချစ်ကိုတစ်နေ့ရလိမ့်မယ်ထင်ခဲ့တာကလေးသိလား..

ကလေးကတော့ကိုယ့်ကိုအဆုံးထိမချစ်ခဲ့ဘူးပဲကိုး..

တောင်းပန်ပါတယ်ကလေးငယ်..အခုမင်းချစ်ရသူနဲ့ပျော်နေခဲ့ပါ..

ကိုယ့်ပိုင်ဆိုင်မှုတွေအကုန်မင်းနာမည်နဲ့လွှဲထားခဲ့ပေးတာမို့Jae Minနဲ့ပျော်သလိုနေပါ..

၂ယောက်အတူတူပျော်စရာဘ၀လေးကိုဖြတ်သန်းပါ..

ကိုယ့်ကိုမေ့ပြီးရှေ့ဆက်ပါကလေးငယ်..မင်းလွတ်လပ်သွားပြီမို့အတောင်ဖြန့်ပြီးပျံလိုရာကိုပျံပါတော့..

The Bride of the Beast || Yoonmin ✔️Where stories live. Discover now