24 호

11.4K 825 44
                                    

Yoongiပေးခဲ့တဲ့hintအရသူကBusanမှာပဲရှိနေလိမ့်မည်ဆိုတာJiminသေချာသည်..

သူခပ်မြန်မြန်ပဲအင်္ကျီအဝတ်အစားလဲကာလိုအပ်မည့်အဝတ်အစားအနည်းငယ်နှင့်ပိုက်ဆံဖုန်းအကုန်လွယ်အိတ်တစ်လုံးထဲထည့်ပြီးအိမ်ပေါ်ကပြေးဆင်းလာသည်..

အိမ်အောက်ရောက်တော့အတွင်းရေးမှုးအိုနှင့်တည့်တည့်တိုးသည်..

"Jimin?ဘယ်သွားမလို့လဲ"

"အတွင်းရေးမှူးအို..ကျွန်တော်hyungဘယ်မှာရှိပြီလဲဆိုတာသိပြီ..ဘူဆန်..သူဘူဆန်မှာ"

"ဟင်?ဟုတ်လား.."

"ကျွန်တော့်မိဘတွေအိမ်နားမှာရောက်နေပုံရတယ်..သူကျွန်တော့်ကိုpostcardလေးနဲ့hintပေးသွားတယ်..မြန်မြန်..driverစီစဥ်ပေးပါ..ကျွန်တော်အခုဘူဆန်ကိုလိုက်သွားမလို့"

အတွင်းရေးမှူးအိုလည်းအိမ်ရှေ့မှာရပ်ထားတဲ့driverကိုဘူဆန်ပို့ပေးဖို့မှာရင်းJiminကိုကားပေါ်တက်စေခဲ့သည်..

"ဂရုစိုက်သွားပါJimin..သခင်ကြီးနဲ့လည်းတွေ့နိုင်ပါစေ..တစ်ခုခုဆိုကျွန်တော့်ကိုဖုန်းဆက်ပါ"

"Nae..ကျွန်တော်ဖုန်းဆက်မယ်Taehyungနဲ့Jungkookကိုတစ်ချက်ပြောပေးထားပါနော်ကျွန်တော်သွားပြီဆိုတာ"

သူခပ်မြန်မြန်ကားပေါ်တက်ထိုင်ကာကားဆရာကိုမောင်းခိုင်းလိုက်သည်..

"Hyungကျွန်တော့်ဆီကတစ်သက်လုံးပုန်းနေလို့မရပါဘူးhyungရယ်.."

ဘူဆန်သွားရာလမ်းတစ်လျှောက်လုံးJiminရင်တွေတုန်နေခဲ့သည်..hyungကသူရှင်းပြတာကိုလက်ခံပါ့မလားဒါမှမဟုတ်တကယ်ပဲသူ့ကိုမချစ်တော့ဘူးလို့ပြောမှာလား..

ကောင်မလေးတစ်ယောက်နဲ့များတွေ့နေပြီလား..

ဟာမဖြစ်နိုင်တာ..Yoongi hyungကသူ့ကိုအရမ်းချစ်တာပဲဟာ..

ဟုတ်တယ်မလား..

တစ်ယောက်တည်းအတွေးပေါင်းစုံနှင့်Jimin ဘူဆန်နှင့်နီးကပ်လာလေလေပိုရင်ခုန်ပြီးစိုးရိမ်လေသည်..

ဘူဆန်ရောက်တော့သူနေတဲ့အိမ်နားကိုမောင်းခိုင်းလိုက်သည်..

သူ့မိဘတွေအိမ်ရှေ့ရောက်တော့ဘာမှထူးခြားနေတာမျိုးမရှိ..

The Bride of the Beast || Yoonmin ✔️Where stories live. Discover now