13 호

6.6K 852 42
                                    

Jiminအိမ်​​ရောက်​တာနဲ့သူ့အခန်းထဲ​ပြေးဝင်​ကာအခန်း​ထောင့်​​လေးမှာဒူး​ခေါင်း​လေးကိုလက်​နဲ့ပိုက်​ပြီးထိုင်​​နေမိသည်​..

အရမ်း​တွေလည်းငို​နေမိသည်​..သူYoongiကိုလည်းအရမ်းအားနာသည်​..လူ​တွေအများကြီးကြားမှာဖြစ်​သွားတာဖြစ်​၍ဒီသတင်းကပြန့်​​တော့မှာ..

Yoongiနဲ့သူလက်​ထပ်​ထားတာလူတိုင်းသိ​နေသ်​​လေ..သူ့​ကြောင့်​နဲ့​တော့Yoongiကိုအရှက်​မကွဲ​စေချင်​..

"မြန်​မြန်​လာပါ​တော့Yoongiရယ်​..ကျွန်​​တော်​အရမ်း​ကြောက်​ပြီးရူးချင်​​နေပြီမို့လို့..''

ခဏ​နေ​တော့အတွင်း​ရေးမှူးအိုကJiminအခန်းထဲ​ရောက်​လာသည်​..

"သခင်​​လေး..အဆင်​​ပြေရဲ့လား..''

"ဟင့်​အင်း..ကျွန်​​တော့်​အတွက်​Yoongiကို​ခေါ်​ပေးပါ..''

"သခင်​ကြီးကပြန်​လာ​နေပါပြီ..အခုလမ်းမှာပါ..''

အတွင်း​ရေးမှူးအိုကသူတို့ဆီမှာအလုပ်​လုပ်​လာတာအရမ်းကြာ​နေပြီးဦး​လေးတစ်​​ယောက်​လို​တောင်​ဖြစ်​​နေပြီဖြစ်​သည်​..

Yoongiရဲ့အ​ဖေလက်​ထက်​ကတည်းကသူတို့companyမှာအလုပ်​လုပ်​​နေခဲ့တာ​လေ..

"သခင်​​လေးလာ..ခဏနားလိုက်​​နော်​..ကျွန်​​တော်​သခင်​ကြီးလာရင်​နှိုး​ပေးမယ်​..''

အတွင်း​ရေးမှူးအိုကပဲJiminကိုဆွဲထူပြီးကုတင်​​ပေါ်မှာအိပ်​​စေသည်​..Jiminက​တော့တရှုံ့ရှုံ့နဲ့ငို​နေတုန်း..

"သခင်​​လေးမအိပ်​မချင်းကျွန်​​တော်​​စောင့်​​ပေးမယ်​​နော်​..''

"အင်း..Yoongiလာရင်​ချက်​ချင်းနှိုး​ပေး​နော်​..''

ကြောက်​တာ​တွေ​ရောငိုထားတာ​ရော​ပေါင်းပြီးJiminခပ်​မြန်​မြန်​ပဲအိပ်​​ပျော်​သွားသည်​..

13 hours later~~~

Yoongi Seoulကို​ရောက်​ပြီဖြစ်​သည်​..အတွင်း​ရေးမှူးအိုကိုကားလွှတ်​ပြီးကြိုခိုင်းပြီးသား..သူ့က​လေးဆီကိုမြန်​မြန်​ပြန်​​ရောက်​မှရမည်​..

သူကား​ပေါ်​ရောက်​တာနဲ့အတွင်း​ရေးမှူးအိုကိုဖုန်းဆက်​လိုက်​သည်​..

The Bride of the Beast || Yoonmin ✔️Where stories live. Discover now