20 호

6.2K 664 59
                                    

Jiminဒီနေ့သူ့ဆိုင်မသွား..သူ့အချစ်ဆုံးသူငယ်ချင်းTaehyungရဲ့မွေးနေ့ညစာစားပွဲရိှသည်လေ..

သူကိုယ်တိုင်ကလည်းပါ၀င်ပြီးကူညီစရာတွေရိှတာမို့သူအလုပ်နားထားသည်..

သူအိပ်ရာနိုးတော့Yoongiကသူ့ဘေးမှာမရိှ..

"အလုပ်မသွားပါနဲ့ပြောထားတာသွားပြီလားမသိဘူး..Min Yoongiတို့ကတော့လေ"

Jiminတစ်ယောက်တည်းပွစိပွစိရွတ်ပြီးမျက်နှာသစ်သွားတိုက်ကာအ၀တ်အစားလဲပြီးအိမ်အောက်ဆင်းလာသည်..

အောက်မှာလည်းYoongiကိုမတွေ့..

"Arjumaရေ..hyungကော"

"အိမ်နောက်ကပန်းခြံထဲမှာသခင်လေး.."

"သူကအဲ့မှာဘာလုပ်နေတာပါလိမ့်.."

Jiminပန်းခြံထဲကိုလိုက်လာမိသည်..

ဟိုရောက်တော့ပန်းစည်းတစ်ခုနဲ့အလုပ်တွေရှုပ်နေတဲ့Yoongi..

"Hyunggg"

Jiminကိုမြင်တော့မော့ကြည့်ပြီးပြုံးလာတဲ့Yoongi..

"ကလေးလေး"

Jiminလည်းပြုံးကာသူ့hyungကိုkoalaလေးလိုတွယ်ပြီးဖက်လိုက်သည်..

"ဘာလုပ်နေတာလဲ"

"Taeမွေးနေ့ရိှတယ်မလား..သူ့ကိုပေးဖို့ပန်းစည်းလုပ်နေတာကလေးရဲ့..ကိုယ်တို့ပန်းခြံထဲကပန်းတွေနဲ့"

Jiminနှုတ်ခမ်းလေးဆူကာYoongiကိုကြည့်လိုက်သည်..

"ကျွန်တော့်အတွက်ကျတော့ဘာလို့မလုပ်ပေးတာလဲ..ပြောပါဦးစိတ်ဆိုးလာပြီ"

Yoongiပြုံးကာသူ့ကလေးရဲ့ပါးဖောင်းဖောင်းနှစ်ဖက်ကိုဆွဲရင်းနှုတ်ခမ်းထူထူအစုံကိုနမ်းလိုက်သည်..

"ကလေးကပန်းခြံကြီးတစ်ခုလုံးနဲ့ကိုယ့်ကိုအပိုင်ရပြီးသားပဲ..ပန်းစည်းလေးတစ်ခုလောက်တော့စကားထဲထည့်ပြောနေသေးတာလား..ဟင်"

အဲ့တော့မှJiminတစ်ယောက်တစ်ခစ်ခစ်နဲ့ရီပြီးသူ့hyungကိုတွယ်ဖက်ထား​လေတော့သည်..

"ကဲ..မနက်စာသွားစားကြမယ်ဘေဘီလေး..ရော့ပန်းစည်းလေးကိုင်လာခဲ့"

Jiminကိုပွေ့ချီကာYoongiအိမ်ထဲကိုခေါ်လာလိုက်သည်..

"ကျွန်တော်ကHyungကိုမပြောမဆိုနဲ့ရုံးသွားပြီထင်နေလို့စိတ်တိုနေတာ.."

The Bride of the Beast || Yoonmin ✔️Where stories live. Discover now