23 호

5.7K 642 29
                                    

Jiminပြန်နိုးလာတော့သူ့ကုတင်ဘေးမှာဆေးပိုက်တန်းလန်းနှင့်..

ထထိုင်ဖို့လုပ်လိုက်ပေမဲ့ခေါင်းမူးလာတာကြောင့်ပြန်လှဲလိုက်ရသည်..

သူနိုးလာတာမြင်တော့စကားသံတချို့ကိုသူကြားရသည်..

ဖြည်းဖြည်းချင်းမျက်လုံးပြန်ဖွင့်ကြည့်မှအတွင်းရေးမှုးအိုနှင့်အတူTaehyungနဲ့Jungkook..

သူမြင်ချင်ခဲ့တဲ့Yoongi hyungရဲ့မျက်နှာတော့မပါပေ..

"ငါ..ငါဘာဖြစ်သွားတာလဲ"

TH~"ပြန်လှဲနေဦးမင်းမူးလဲသွားတာ..မေ့နေတာတစ်ရက်ရှိပြီ..အခုဆေးရုံမှာ.."

"Yoongi hyung..hyungပြန်လာသေးလားငါမေ့နေတုန်း"

Taehyungကရုတ်တရက်Jungkookကိုလှမ်းကြည့်လိုက်သည်..

"ငါမေးတာဖြေကြလေ..ငါ့ဘဲကြီးပြန်လာတယ်မလား..သူငါ့ကိုတမင်စတာမလား..အခုလည်းစနေတာမလား.."

Jiminတစ်ချက်ရီပြီး

"Hyung..ထပ်စရင်တကယ်စိတ်ဆိုးပြီနော်..အခုထွက်လာတော့.."

ရီလိုက်အခန်းတံခါး၀ကိုကြည့်လိုက်အော်ပြောလိုက်လုပ်နေရင်းမျက်ရည်တွေစီးကျနေတဲ့သူ့သူငယ်ချင်းကိုTaehyungမကြည့်ရက်..

အားနည်းတာမှမျက်နှာတစ်ခုလုံးဖြူစွတ်နေပြီဖြစ်ပြီးနှုတ်ခမ်းတွေပါဖွေးနေသည့်သူတို့သူငယ်ချင်းအခုလောက်စိတ်ဆင်းရဲနေသည်ကိုမမြင်ဖူးသောTaehyungနဲ့Jungkookလည်းထပ်တူထပ်မျှ၀မ်းနည်းရသည်..

Taehyungကတော့မခံနိုင်တော့..Jungkookရင်ခွင်ထဲလှည့်၀င်ကာကျောလေးတသိမ့်သိမ့်တုန်ရင်းအသံမထွက်အောင်ငိုနေမိသည်..

Jungkookကတော့အံကြိတ်ရင်းTaehyungကိုကျောလေးပွတ်ပေးနေသည်..

အတွင်းရေးမှူးအိုကတော့Jiminကိုချော့ပြောပေးနေသည်..

"Jiminလေး..ပြန်အိပ်ကြရအောင်..စိတ်ငြိမ်မှYoongiကိုဆက်ခေါ်ကြမယ်နော်"

"စိတ်ငြိမ်ရင်hyungကပြန်လာမှာလား"

Jiminအမေးကိုဘယ်သူမှမဖြေတတ်..

"ဖြေလေ..ဖြေလို့ပြောနေတယ်!!Yoongi hyung.."

အော်ရင်းမျက်ရည်တွေကျလာတဲ့Jimin..

The Bride of the Beast || Yoonmin ✔️Where stories live. Discover now