🍁19🍁

3K 212 55
                                    


Yeol : အဲ့မှာ မင်းအတွက်​ ညအိပ်​၀တ်​စုံတင်​ထားတယ်
လဲပြီးတာ ကုတင်​​ပေါ်တက်​လာခဲ့!!!

Baek. Shin ​လေးကိုသိပ်​ပြီး... yeol အခန်းထဲ
ပြန်​၀င်​လာ​တော့... yeol ရဲ့ အလိုမကျသံနှင့်
ပြောလာသည့်​ အ​ပြောကို ဘာမှ​ပြောမ​နေဘဲ
ခုတင်​​ရှေ့က စားပွဲခုံမှာ.တင်​ထားသည်​..
ပန်းနု​ရောင်​ည၀တ်​ဂါဝန်​​လေးကို..ယူကာ
အ၀တ်​လဲခန်းထဲဝင်​လာလိုက်​သည်​..... ။

ဝတ်​ပြီးလို့ မှန်​ထဲက ကိုယ့်​ပုံကိုပြန်​ကြည့်​​ပြီး...
အရမ်း ကို.သ​ဘောကျ​နေမိသည်​..... ။
ပန်းနု​ရောင်​ဂါဝန်​​လေးက.. baek နဲ့အနည်းငယ်​​တော့
ကြီး​နေသည်​.... ။
အောက်​ခံဖဲသား​ပေါ်မှာ ​ဖဲပြားပုံသဏ္ဌန်​ ဇာအပါး​လေးက
ရင်​ဘက်​နားအထိထပ်​ထားသည်​...။
အောက်​ဘက်​ပိုင်းက​တော့.... သာမန်​ညအိပ်​၀တ်​စုံ​တွေလို
မျိုး ​လျောဆင်းသွား​ပေမဲ့ ​​အောက်​နားစမ​ရောက်​မီမှာ
အတွန့်​​လေး​တွေကို အနက်​​ရောင်​ဇာနှင့်​ပြန်​တွန့်​ထားသည်​။
သို့​သော်​ ခန္ဓာကိုယ်​​သေးသွယ်​သည့်​... baek ​ကြောင့်​ ၀တ်​စုံ​လေးက ချပ်​ချပ်​ကပ်​ကပ်
နှင့်​အ​တော်​လိုက်​ဖက်​​နေသည်​...... ။
ထိုအချိန်​ ခါးအား သန်မာပြီး အေ​ကြာစိမ်း များပါ
မြင်​​နေရသည့်​ လက်​အစုံက
တင်းကျပ်​စွာအဖက်​ခံမှုရမှုနှင့်​အတူ..
မျက်​နှာကပါ လည်​တိုင်​ထံအပ်​ကာ...
နမ်းရှုံ့​နေမှု​ကြောင့်​.....
Baek အပြုံးတို့ ​ပျောက်​ကွယ်​သွားရသည်​...။

ရုတ်​တရက်​ဆို​တော့..လန့်​သွား​ပေမဲ့...
ဘယ်​သူလဲဆိုတာ သိ​နေသည့်အပြင်​....
ရုန်းထွက်​လို့လည်း မရနိုင်​တာသိသည်​​ကြောင့်​...
မျက်​လုံးစုံမှိတ်​ကာ... ​နေ,​နေလိုက်​သည်​..... ။

Yeol : အား.... ​မွေး​နေတာပဲကွာ!
အကျီင်္ိက ၀တ်​လိုက်​​တော့လည်း လှသားပဲ!
ဒါ ခုမှ ငါတို့ LOEY fashion.က ထုတ်​မဲ့
ညအိပ်​၀တ်​စုံ... အထူးသဖြင့်​ ဒါဝတ်​စုံက
ငါ နဲ့ မ လက်​ထပ်​တဲ့အခါ မ ၀တ်​ဖို့အတွက်
ရည်​ရွယ်​ထားတယ်​ဆိုပါ​တော့......
ဒါ​ပေမဲ့ ဒီဝတ်​စုံ ကြည့်​​ကောင်းမ​ကောင်းက..
တစ်​​ယောက်​​ယောက်​ကို အရင်​၀တ်​ကြည့်​ခိုင်းမှာသိမှာ​လေ
မ ကိုဝတ်​ကြည့်​ခိုင်းရင်​ ရ​ပေမဲ့ မင်္ဂလာဦးညမှ
မ ကို suprise လုပ်​မှာဆို​တော့ မဖြစ်​​သေးဘူး​လေ
ဟုတ်​တယ်​မလား? .....

Moonlight Dawn By Cloud (Completed)Where stories live. Discover now