🍁22🍁

2.8K 241 63
                                    

" ဟဲ့ နင်​သိလား? သူ​ဌေး အိမ်​ကို​ခေါ်လာတဲ့သူ
က​လေ အကျင့်​ကသာ မ​ကောင်းတာ
ဟင်းချက်​က​တော့ ​တော်​​တော်​​ကောင်းတယ်​..."

" ဟင်​ ဟုတ်​လား "

" ဟုတ်​တယ်​ နင်​က နင်​အ​မေ ​နေမ​ကောင်းလို့
အိမ်​ပြန်​သွားလို​ မသိလိုက်​တာ.......
နင်​ အိမ်​ပြန်​ပြီး သိပ်​မကြာဘူး....သူ​ဌေးက
သူတို့သားမိကိ အိမ်​​ပေါ်​ခေါ်တင်​လာတာပဲ...
သူ​ဌေး က ဘာလို့​ခေါ်လာတာလည်း ဆိုတာကို
သေ​ချာမ​ပြောဘူး... ​နောက်​မှ မီးဖို​ချောင်​ကို
တာဝန်​ယူခိုင်းလိုက်​တာ.... ပြီး​တော့.သူ​ဌေးရဲ့
အဲ့တစ်​​ယောက်​ အ​ပေါ် ကြည့်​တဲ့အကြည့်​​တွေကလည်း
လုံးဝကို နားမလည်​ဘူး........ တစ်​ခါတစ်​​လေဆို
အချစ်​​တွေပြည့်​​နေတဲ့ အကြည့်​နဲ့ တစ်​ခါတစ်​​လေ
နာကျည်​ပြီးအမုန်း​တွေပြည့်​​နေတဲ့ အကြည့်​နဲ့...
နင်​သိတဲ့အတိုင်းပဲ​လေ သူ​ဌေးက ဘယ်​တုန်းကများ
အလုပ်​သမားကို ကိုယ်​တိုင်​ ​ခေါ်ခဲ့လို့လဲ?
အိမ်​​တော်​ထိန်းကြီးကပဲ ​ခေါ်တာ​လေ.....
ပြီး​တော့ ထူးဆန်းတာတစ်​ခုရှိ​သေးတယ်​သိလား?
အဲ့တစ်​​ယောက်​နဲ့ ပါလာတဲ့ က​လေးက
သူ​ဌေးနဲ့​တော်​​တော်​တူတယ်​ မသိရင်
သူ​ဌေးရဲ့ သား လို့​တောင်​ထင်​မိမှာ....."

" အဲ့​လောက်​​တောင်​လား ငါ​တော့ နင်​​ပြောတဲ့
သားမိကို မြင်​ဖူးချင်​​နေပြီ "

" အမ​လေး ထမင်းစားရင်​ နင်​မြင်​လိမ့်​မယ်​...
အဲ့တစ်ေ​ယာက်​ရဲ့ ပုံစံက ဖြူဖြူ​ဖွေး​ဖွေး နဲ့
က​လေးတစ်​​ယောက် အ​မေလို့​တောင်​ မထင်​ရဘူး"

" ဒါဆို နင်​က အဲ့တစ်​​ယောက်​ကို ​......
သေချာကြည့်​ထားတာပဲ....​အေးပါ
ည​နေကျရင်​ကြည့်​ရတာ​ပေါ့..... "

မီးဖိုခန်းထဲမှ.. ..
ထို​ကောင်​မ​လေးနှစ်​​​ယောက်​​ပြော​နေသည့်
စကားများကို baek အ၀တ်​​လျှော်​​နေရင်း
အတိုင်းသားကြား​နေရသည်​........ ။

Aww ​ဘေးကလူ​တွေ​တောင်​သိသည့်​အထိ
သားက သူနဲ့အ​တော်​ကိုတူ​နေတယ်​လား?
ဘေးကလူ​တွေက သာမန်​မျက်​စိနဲ့ကြည့်​​နေ​ပေမဲ့
သူက​တော့... အမှန်း​​တွေနာကျည်းမှု​တွေနှင့်
ပြည့်​​နေသည့်​မျက်​၀န်းများဖြင့်​ကြည့်​​တော့..
ဘယ်​မြင်​နိုင်​ပါ့မလဲ............

Moonlight Dawn By Cloud (Completed)Where stories live. Discover now