🍁27🍁

2.7K 235 64
                                    

Baek : ဟို​လေ omma အဲ့ဒါက​တော့
နည်းနည်း......

Tao : ဘာဖြစ်လို့လဲ? အရင်​ကလည်း omma တို့
လာ​နေ,​နေကြ​လေ....

Baek : အဲ့ဒါ....

နှစ်​အ​တော်​အသင့်​ အ​နေ​ဝေး​နေပြီး...
အားလုံး​ပြောင်းလဲသွားခဲ့သည်​​ကြောင့်​...
Kie ​လေး က သူတို​နှင့်​ ​နေချင်​ပုံမ​ပေါ်.....။
အဲ့ဒါကို မသိဘဲ..
အတင်းကိုဇွတ်​​ခေါ်​နေသည့်​... Tao ​ကြောင့်
Kris ၀င်​ပါရပြန်​သည်​......။ 

Kris : မင်းကလည်း အခုမှ​တွေ့တာကို...
အေး​ဆေး​ပေါ့... သူ့မှာလည်း အလုပ်​​တွေရှိဦးမှာ​ပေါ့

Kris ၀င်​​ပြောလိုက်​မှ baek စိတ်​သက်​သာရာရသည်​။
ဘယ်​လိုဘဲ ရင်းနှီး ဘယ်​လိုပဲ ​နေခဲ့​နေခဲ့... အခုက
အရင်​တုန်းကနှင့်​ မတူ​တော့ဘူးမလား?

Tao : ဟင်း အဲ့ဒါလည်း ဟုတ်​တာပဲ....

Tao ရဲ့ သက်​ပြင်းချသံအပြီး... စကားဝိုင်း​လေးက
တိတ်​ဆိတ်​သွားသည်​.....။

ကျွီ~~~~~~~~~

ရုတ်​တရက်​ အိမ်​​ရှေထိုးရပ်​လာ​သော....
ကား​ကြောင့်​ လှုပ်​လှုပ်​ရှားရှား ဖြစ်​ကုန်​သည်​။

Tao : ည​နေ​စောင်းကြီး ဘယ်​သူ​ရောက်​လာတာတုန်း?
ရှင့်​ ကိစ္စ​တွေ မပြီး​သေးဘူးလား? ဒီတစ်​ခါ​ရော
ဘယ်​group ရဲ့ CEO.က.ညစာဖိတ်​ထားပြန်​ပြီလဲ?

Kris.: ဘယ်​သူ့ကိုမှ မဖိတ်​ပါဘူးကွာ....
မင့်​သား မဟုတ်​ဘူးလား? ဒီ​နေ့ ၀တ်​စုံသွားကြည့်​ပြီး
အပြန်​ အိမ်​မှာ.ညစာစားဖို့ ​ပြောထားတယ်​ မဟုတ်​လား?

Tao : အာ ဟုတ်​သားပဲ ကျွန်​မ ​မေ့​နေတာ
Arjima.​ရေ ထမင်းပွဲ အသင့်​ပြင်​ထားလိုက်​ပါဦး!!

သူ​ပြောထားပြီး သူ့ဘာသူ.​မေ့​နေ​နေပြီး...
ကိုယ့်​ကိုပါ ရမယ်​ရှာ ​နေ​သေးသည့်​ Tao ။
အခုလည်း သူ ​ပြော​တော့မှ သတိရသွားကာ..
မီးဖိုး​ချောင်​ ထဲမှာ အလုပ်​ရှုပ်​​နေမည့်​ arjima
အား လှမ်း​အော်​​နေပြန်​သည့်​...Tao.အား
Kris ​ခေါင်းယမ်းပြီး​တော့သာ ကြည့်​​နေလိုက်​သည်​။

Baek က​တော့ yeol ​နှင့်​အတူ unnie ပါ
ရောက်​လာသည်​​ကြောင့်​... လက်​​တွေတုန်​​နေသည်​။
ခုမှ ထပြန်​ရင်​လည်း .. သူတို့နှင့်​တိုးမှာ.အ​သေအချာ...။
ထိုင်​​နေပြန်​​တော့လည်း... ဘာ​တွေဆက်​ဖြစ်​မလဲ
ဆိုတာ သိ​နေပြန်​​တော့.... ထိုင်​ရမလို ထရမလို နှင့်
ချွေး​တွေပါပြန်​လာသည်​......။

Moonlight Dawn By Cloud (Completed)Where stories live. Discover now