🍁36🍁

3.4K 279 49
                                    

Yeol : ကဲ ရှင်းပြစမ်းပါဦး မင်းက ဘာကြောင့်
အခုလိုလုပ်ရသလဲဆိုတာ... ပြောစမ်းပါဦး....
သား ကိစ္စကို ဖုံးကွယ်ထားတဲ့အကြောင်းလေ....

Baek သားနဲ့ yeol အခုလို သူမဆီ လိုက်လာမယ်လို့
မထင်မှတ်ထားတာကြောင့်.... အံသြပြီး...
ဘာပြောရမှန်းမသိ ဖြစ်နေတုန်း.... yeol ဘက်က
စ ပြောလာတဲ့ စကားကြောင့် လန့်သွားသည်...။
ပြီးတော့ ဒီနေ့က သူ့ မင်္ဂလာပွဲနေ့ကို ဘယ်လိုဖြစ်ပြီး
ဒီကိုရောက်လာရတာလဲ?

Baek : ရှင် က ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ
ပြီးတော့ သားကလည်း ဘယ်လိုလုပ် ရှင်နဲ့အတူ
ပါလာရတာလဲ ဒီနေ့ ရှင့် မင်္ဂလာပွဲနေ့လေ..

မေးတာ တစ်ခြား ဖြေတာတစ်ခြား ဖြစ်နေသည့်
Baek ကို yeol စိတ်မရှည်တော့....
အကယ်၍ သူသာ ဒီဆေးရုံကို အချိန်မီ ရောက်မလာပါက
နောက်ဆက်တွဲက မတွေးရဲစရာ... ။

Yeol : ကျစ် မင်း ငါမေးတာ သာ အရင်ဖြေစမ်းပါ
ဘာကြောင့် သားရဲ့ ဖြစ်တည်မှုကို ဖုံးကွယ်ထားရတာလဲ
ဟင်

Baek : ကျွန်မ ပြောတော့ကော ရှင်က လက်ခံမှာမို့လို့လား
ပြီးတော့... အဲ့အချိန်တုန်းက ရှင်ပဲ ကျွန်မကို
ငါ့လက်တွဲဖော်က သိပ်ကိုထက်မြတ်တဲ့ Dr.Nana ပါဆို
အဲ့တော့ ကျွန်မက ဘာတွေများပြောရဦးမှာလဲ

Yeol : ကျစ် အဲ့ဒါနဲ့ပဲ မင်းက ငါ့ကို သားဖြစ်တည်မှုကို
တစ်သက်လုံး ဖုံးထားလိုက်တော့ပေါ့.... အဲ့လိုလား
ပြောပါဦး!!!

Baek : ရှင် စကားပြော ဆင်ခြင်ပါ ဒီမှာ သားရှိတယ်

တစ်စတစ်စ ပြောရင်း ကျယ်လောင်လာသည့်...
စကားသံများ သားကလည်း baek ပေါင်ပေါ်မှာ
ထိုင်ရင်း baek တို့ပြောစကားများကို.....
နားထောင်နေသည်ကြောင့်.... သား မကြားသင့်တာ
မကြားရအောင်  တားမြစ်လိုက်သည်..... ။

Yeol : အင်း... နောက်မှ မင်းနဲ့ဆက်ပြောကြမယ်

တိတ်ဆိတ်သွားတဲ့အခန်းထဲ... ပေါင်ပေါ်မှာ
အိပ်ပျော်နေသည့် သားရဲ့အသက်ရှူသာ
ကြားနေရသည်..... ။ သိပ်မကြာပါဘူး
Tao နှင့် kris တို့ရောက်လာပြီး.. baek အား
သားဖြစ်သူအတွက် တောင်းပန်ကြောင်းတွေနှင့်
သူတို့နှင့်အတူ သားနှင့်baek တို့်အား လိုက်နေရန်ပြောလေသည်....။ သူတို့် kie လေး
အပေါ်လုပ်ခဲ့သည့် yeol လုပ်ရက်အား..လုံးဝ
ခွင့်မလွှတ်ဘဲ.... အမွေပါဖြတ်မည်ဆိုတာတွေရော
ပြောလေသည်.....။

Moonlight Dawn By Cloud (Completed)Where stories live. Discover now