🍁34🍁

3.1K 259 37
                                    

Tao : သား သားရေ!!

Kris  : ဘာလို့ အဲ့လောက်တောင် အော်နေရတာလဲ?

သားဖြစ်သူအိမ်ကို ရောက်တာနဲ့... လက်ကလည်း
ဆေးစစ်ချက်စာရွက်ကို ကိုင်ပြီး အိမ်ရှေ့ကနေ
သူ့သားကို အော်ခေါ်နေသည့် မိန်းမဖြစ်သူအား
လက်ကိုဆွဲကာ.... ဧည်ခန်းထဲမှာဝင်ထိုင်ခိုင်းရသည်။

အောက်ထပ်က omma ရဲ့ အသံကြောင့်....
အပေါ်ထပ်အခန်းထဲမှာ ရေချိုးပြီး အဝတ်လဲနေသည့်yeol
အမြန်အကျီင်္ဝတ်ပြီး....အောက်ထပ်ကိုပြေးဆင်းလာရသည်။
ဘာများဖြစ်လို့လဲ?.....

Yeol : omma ဘာဖြစ်လို့လဲ?

Tao : ဒီမှာကြည့်ဦးလေ shin လေး က သားရဲ့
သွေးသားတဲ့လေ..... kie နဲ့ shin လေး ရော
ခေါ်လိုက်ပါဦး omma ကတွေ့ချင်လို့......

Shin လေး က သူ့သားတဲ့လား....
မဖြစ်နိုင်တာ...။ baekkie တို့သားမိ ဒီအိမ်ကို
စရောက်ထဲ DNA စစ်ခဲ့တာပါ.... ။ အဲ့တုန်းက
Shin လေးက သူနဲ့ ဘာမှမတော်စပ်ပါ ဆိုတဲ့
အဖြေထွက်ခဲ့တာပါ....။ ခုက ဘယ်လိုလုပ်......

Yeol : omma ကလည်း ဘာတွေပြောနေတာလဲ
သား နဲ့ shin လေးက ဘာမှမတော်စပ်ပါဘူး....
ဒီမှာ သားကိုယ်တိုင် DNA စစ်ထားတဲ့စာရွက်....

ဆိုကာ yeol ဧည့်ခန်း စားပွဲခုံအောက်က အံဆွဲထဲမှာ
ထည့်ထားတဲ့.... သူ အရင်တုန်းက စစ်ခဲ့တဲ့ DNA
စာရွက်ကို Tao အား ပြလေသည်.......။

Tao : မဖြစ်နိုင်တာ ဒီဟာက ဘယ်လို?
ဒီမှာ ဒီဆေးစစ်ချက်က ဒီနေ့မှ omma ကို
ဆေးရုံအုပ် ဂန် ကိုယ်တိုင် စစ်ဆေးပြီး
လာပို့ပေးသွားတာ.... နော့် အဖေကြီးရယ်
ပြောလိုက်ဦးလေ.....သားကို...

တစ်ချိန်လုံး ဘာမှမဝင်မပြောဘဲ... ထိုင်ကြည့်နေသည့်
Kris အား tao စစ်ကူတောင်းလိုက်သည်.....။

သူ့မိန်းမအသံကြားမှ kris လည်း လှုပ်လှုပ်ရှားရှား
ဖြစ်လာကာ.......

Kris : ဟုတ်တယ် သားရဲ့ မင်းအမေပြောတာ
အမှန်တွေချည်းပဲ..... ဆေးရုံအုပ် ဂန် ကိုတောင်
နောက်ကျမှ လာပေးရလားဆိုပြီး....မင်းအမေက
ဒေါသထွက်ပြီး ဆေးရုံတောင်ပြောင်းခိုင်းမလို့...
လုပ်နေတာ....ဒါနဲ့ သားက ဘယ်မှာ စစ်ခဲ့တာလဲ?

Yeol : မ သူငယ်ချင်း ယောက်ျားရဲ့ ဆေးရုံမှာ
စစ်ခဲ့တာ......

Tao : အဲ့ဒါပဲပေါ့ သားက ဘာလို့ကိုယ့်ဆေးရုံမှာ
မစစ်ဘဲ သူများဆေးရုံမှာ သွားစစ်ရတာလဲ?
Omma တို့ဆေးရုံက ဂန်းနမ်မှာ နာမည်အကြီးဆုံးနဲ့
ဆေးစစ်ချက်အမှန်ဆုံးဆိုတာ သားသိရက်ရဲ့....
အဲ့လို ဘာမှဟုတ်တဲ့ ဆေးရုံမှာ သွား စစ်မှတော့
ဘယ်လိုလုပ်တိကျတဲ့အဖြေရပါ့မလဲ......
ရော့ ဒီမှာ ဒီဆေးစစ်ချက်က မှအမှန်......

Moonlight Dawn By Cloud (Completed)Where stories live. Discover now